လူမှုကွန်ယက်မှာ အရမ်းကို နာမည်ကြီးနေတဲ့ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးသွားမယ့် မြမြရုပ်ရှင်ဇာတ်ကားကြီးရဲ့ အဓိကမင်းသားကတော့ ဖြိုးမြတ်အောင်လို့ ကြေငြာပြီးမှ မင်းသားပြောင်းသွားတာမို့ ပရိသတ်တွေအကုန်လုံးက အရမ်းကိုအံ့အားသင့်ခဲ့ကြရတာပါ။ အဆိုပါကိစ္စနဲ့ပတ်သတ်ပြီး ဖြိုးမြတ်အောင်ကလည်း အေးအေးဆေးဆေး ဖြေရှင်းခဲ့သလို၊ မြမြရုပ်ရှင်ရဲ့ တာဝန်ရှိသူတစ်ဉီးကလည်း ဖြိုးမြတ်အောင်နဲ့ ပတ်သတ်ပြီး၊ ပြတ်ပြတ်သားသား ဖြေရှင်းလိုက်တာ တွေ့ရပါတယ်။ မြမြရုပ်ရှင်မှာ ဖြိုးမြတ်အောင် ပါဝင်သည်ဖြစ်စေ ၊ မပါဝင်သည်ဖြစ်စေ သူ့ကိုချစ်တဲ့သူတွေက ချစ်နေကြတာပါပဲနော်။
မြမြရုပ်ရှင်ရဲ့ တာဝန်ရှိသူတစ်ဉီးကတော့ "ဖြိုးမြတ်အောင်နှင့်ပုဂ္ဂိုလ်ရေးပြဿနာဘာမှမရှိပါ သူဆက်လုပ်မယ့်အနုပညာလုပ်ငန်းများကို သူ၏ PMA မိသားစုဝင်များနှင့်အတူဆက်လက်အားပေးဝန်းရံသွားပါမည်" ဆိုပြီး ဖြိုးမြတ်အောင်နဲ့ ဘာပြဿနာမှ မရှိပါဆိုပြီး ရှင်းရှင်းလင်းလင်းဖြစ်အောင် ဖြေရှင်းထားတာပါ။
မိုမိုလေးချစ်ပရိသတ်တွေရော အလန်းစားမင်းသမီးချောလေး သင်ဇာဝင့်ကျော်နဲ့ အတူတွဲဖက်ပြီး မြမြရုပ်ရှင်ထဲမှာ မြင်တွေ့ရတော့မယ့် မင်းသားက ဘယ်သူဖြစ်မလဲဆိုတာ ခန့်မှန်းသွားခဲ့ပါဦးနော်။
Nyein
Source:မြရုပ်ရှင်ဇာတ်ကားကြီး
Sunday, October 6, 2019
ဖြိုးမြတ်အောင်နဲ့ ဘာပုဂ္ဂိုလ်ရေး ပြဿနာမှမရှိကြောင်း မြ ရုပ်ရှင်မှ တရားဝင်ကြေငြာ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity