Breaking

Friday, October 4, 2019

နေ့ခင်းကြောင်တောင် စျေးဝယ်ဟန်ဆောင် အလစ်သုတ်တဲ့ သူခိုး ညကျရင် ထပ်တွေ့မယ် သတိထားဆိုပြီး ဆိုင်ရှင်ကို ကြိမ်းဝါးသွား

 နေ့ခင်းကြောင်တောင် စျေးဝယ်ဟန်ဆောင် အလစ်သုတ်တဲ့ သူခိုး ညကျရင် ထပ်တွေ့မယ် သတိထားဆိုပြီး ဆိုင်ရှင်ကို ကြိမ်းဝါးသွား
မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ဓိဌာန်အောင်ဘုရားပတ်လမ်းရှိ စတိုးဆိုင်တွင် ယနေ့ အောက်တိုဘာ ၄ ရက် နေ့လည် ၁၂ နာရီ အချိန်ခန့်က အမည်မသိ လူတစ်ဦး စျေး၀ယ်ဟန်ဆောင်ပြီး ခေါင်းလျော်ရည်ဘူးကို ဘေးလွယ်အိပ်ထဲ ထည့်ထားရာ


 ထိုအချိန် ဆိုင်ပိုင်ရှင် မမိုးရွှေက အိမ်ထဲကထွက်လာပြီး ဘာယူမလဲ မေးတော့ ဝေ့လည်ကြောင်ပတ် လုပ်နေ၍
ဆိုင်ရှင်မှ မင်္သကာ၍ ဆိုင်ရှိပစ္စည်းကို စစ်လိုက်ရာ ခေါင်းလျော်ရည် ဘူးကြီးတစ်ဘူး နေရာလပ်နေလို့ သူ့လွယ်အိပ်ကို မွေလိုက်တာ ထိုသူ၏ အိပ်ထဲမှာ တွေ့ရှိရသဖြင့်၎င်းအား မေးမြန်းရာ မခိုးဘူး ၀ယ်လာတာ သူငယ်ချင်ပေးတာ ဆိုပြီး လိမ်လည်ခဲ့ကြောင်း၊ ပတ်၀န်းကျင်မှ လူများ အသံကြား၍ ထွက်လာသဖြင့်
ထိုသူခိုးမှာ ရုတ်တရက် ဆိုင်ကယ်စီး ထွက်ပြေးသွားပြီး ဆိုင်ကယ်ပေါ်မှနေ၍ “ညကျရင်တွေ့မယ် သတိထား ” ဟု ဆိုင်ရှင်ကို ကြိမ်းဝါး သွားကြောင်း သိရသည်။
အဆိုပါကိစ္စ ဖြစ်ပွားပြီးနောက် ဆိုင်ရှိရောင်းကုန်ပစ္စည်း များအား စစ်ဆေးရာ လုံချည် တစ်ကွင်းပါ ပျောက်ဆုံးသွားသည်ဟု ဆိုင်ပိုင်ရှင်၏ အမျိုးသား ကိုသိန်းရွှေက ပြောကြား သိရသည်။
Credit : နေနော်(မြဝတီ)

POPULAR POSTS

ads