Breaking

Saturday, October 19, 2019

ပရိသတ်တွေ စိုးရိမ်တကြီးအားပေးစကားဆိုနေရတဲ့ ဖွေးဖွေးရဲ့ စိတ်အခြေအနေ

 နိုင်ငံကျော်သမီးချောလေး ဖွေးဖွေးကတော့ အောက်တိုဘာလ (၁၈)ရက်နေ့မှာ သူရဲ့ ခံစားချက်တချို့ကို ” အမြဲရှိဖို့ကြိုးစားနေသူကို တခါတလေအမြဲရှိနေလို့ တချို့တွေကတန်ဖိုးမထားတတ်ကြဘူးဆိုတာ တကယ်ပါပဲလားကိုယ်လုပ်ချင်ရာတွေလုပ်နှစ်တွေအကြာကြီးပျောက်သွားပြီးပြန်ပေါ်လာမှ တန်ဖိုးထားလွမ်းကြမှာလား


 ငါတခြားအိပ်မက်တွေကိုပစ်ထားပြီးဒီနေရာမှာပဲအမြဲရှိဖို့ ကြိုးစားနေတာ မှားများနေပြီလားငါစဉ်းစားပါ ” လို့လူမှုကွန်ရက် စာမျက်နာမှာဖော်ပြခဲ့ပါတယ်။ယခုလို့တင်လိုက်တဲ့အပေါ်မှာတော့ ချစ်တဲ့ ပရိသတ်တွေက စိတ်အညစ်မခံဖို့ အားပေးစကားတွေဆိုထားတာလည်းဖြစ်ပါတယ်။
သည်းထိတ်ရင်ဖိုမှုအပြည့်နဲ့ စိတ်လှုပ်ရှားစရာတွေ ပြည့်နှက်နေတာဖြစ်ပြီး ပရိသတ်အားပေးမှုကို အခိုင်အမာရရှိခဲ့ပါတယ်။ လက်ရှိမှာလည်း နိုင်ငံကျော်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါင်းနဲ့အတူ “Love Equation”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေတယ်လို့သိရပါတယ်။

သူကိုချစ်ကြတဲ့ပရိသတ်တွေကတော့ “မှန်ကန်တဲ့ကြိုးစားမှုတိုင်းအတွက် ရလဒ်ကောင်းတွေ အမြဲရမှာပါ ဘာဘဲဖြစ်ဖြစ် ဆက်ပီးကြိုးစားပေးပါမဖွေး မလိုတဲ့သူတွေ‌‌ဝေဖန်တိုက်ခိုက်တာကိုဂရုမစိုက်ပါနဲ့ Fighting Ma Phway” ၊ “ဘယ်သူတွေဘာပဲပြောပြော fan တွေကတော့အမြဲရပ်တည်နေမာပါ မနာလိုသူတွေ အာချောင်သူတွေအချိန်တန်ရပ်သွားမှာပါ အောင်မြင်မူရလေလေ မနာလိုသူတွေ ပေါလာလေလေပါပဲ ဖိုက်နင်း မ ရေ” ဆိုတဲ့ အားပေးစကားလေးတွေ ပြောခဲ့ကြပါတယ်။ ပရိသတ်ကြီးရေ ဖွေးစိန်လေးကို ချစ်ရင် အားပေးစကားလေးတွေပြောသွားကြနော်။

POPULAR POSTS

ads