Breaking

Sunday, October 27, 2019

ရှုံးနိမ့်ခဲ့တဲ့ပွဲကို ပြန်ကြည့်ရင်း သူ့အမှားကို ပြန်ရှာနေကာ အောင်လရဲ့တိုက်ကွက်တွေကို ချီးကျူးသွားတဲ့ ဗီရာ

 အောင်လအန်ဆန်ကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကို ပြန်ကြည့်ရင်း သူ့ရဲ့အားနည်းချက်တွေကို ပြန်ရှာနေခဲ့တဲ့ ဗီရာရဲ့စိတ်ဓာတ်ကတော့ ချီးကျူးစရာပဲလို့ ဆိုရမှာပါ။ မြန်မာနိုင်ငံသား MMA အားကစားသမား အောင်လအန်ဆန်နဲ့ ဖီလစ်နိုင်နိုင်ငံသားဗီရာတို့ဟာ One Championship ရဲ့ 100 Century ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ အောင်လအန်ဆန်က အနိုင်ရရှိပြီး လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဘွဲ့ကို ထိုက်ထိုက်တန်တန် ကာကွယ်သွားနိုင်ခဲ့တာပါ။

 အဲဒီပွဲစဉ်မှာ အောင်လအန်ဆန်ဟာ ဗီရာကို (၂) ချီအတွင်းမှာပဲ ပြတ်ပြတ်သားသား အလဲထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဗီရာဟာ အောင်လအန်ဆန်ကို အကောင်းဆုံးတုံ့ပြန်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် မယှဉ်နိုင်ခဲ့ဘဲ ရှုံးချက်နာခဲ့ရတာ ဖြစ်ပါတယ်။အခုအခါမှာတော့ ဗီရာဟာ အဲဒီပွဲစဉ်ကို သေချာပြန်လည်ကြည့်ပြီး သူ့ဘာတွေမှားခဲ့သလဲဆိုတာကို သင်ခန်းစာယူနေခဲ့တာ ဖြစ်ပါတယ်။ ဗီရာဟာ သူ့ရဲ့အားနည်းချက်တွေကို ပြန်လည်ရှာဖွေခဲ့ရုံပြီး ဘယ်နေရာမှာ လိုအပ်ချက်တွေ ရှိခဲ့သလဲဆိုတာ မချင့်မရဲပြောသွားခဲ့တာပါ။

ဒ့ါအပြင် ဗီရာဟာ အောင်လအန်ဆန်ရဲ့တိုက်ကွက်တွေနဲ့ ပတ်သက်ပြီးလည်း ချီးကျူးစကားပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဗီရာရဲ့အဲဒီဗီဒီယိုဖိုင်ကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ရပါတယ်။
credit-momolay.com

ads