Breaking

Sunday, October 27, 2019

ဒီနေ့ခေတ် မင်းသမီးတွေတောင် အရှုံးပေးရလောက်တဲ့ အိန္ဒြာကျော်ဇင်ရဲ့ တည်ငြိမ်တဲ့ အလှတရား

 မဟာဆန်တဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားပြီး၊ သရုပ်​ဆောင်​ပိုင်းမှာလည်း ထူးချွန်​လို့ အောင်မြင်မှုတွေများစွာ ရရှိထားတဲ့ မင်းသမီးချောလေး အိန္ဒြာ​ကျော်​ဇင်​က​တော့ ပရိသတ်​ရင်​ထဲ​ရောက်​မယ့်​ရုပ်​ရှင်​ဇာတ်​ကား​တွေကို အ​ကောင်းဆုံးကြိုးစား​နေသူတစ်​ဦးဆိုလည်း မမှားပါဘူး။ ဒီ​နေ့​လေးမှာ​တော့ အိန္ဒြာ​ကျော်​ဇင်​ အနီတောက်တောက် ဖက်ရှင်နဲ့ အခမ်းနားဆုံး ပွဲတက်ခဲ့တဲ့ သူမရဲ့ပုံရိပ်​တွေကို လူမှုကွန်​ယက်​ပေါ်မှာ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ တည်ငြိမ်ပြီး ကျက်သရေရှိတဲ့ အူဝဲရဲ့ အလှတရားကတော့ မြင်ရသူတွေကို မှင်သက်ငေးမောစေလောက်တဲ့အထိ အရမ်းမိုက်နေတာပါနော်။


 မိုမိုလေးချစ်ပရိသတ်တွေအတွက် ဘယ်အချိန်ကြည့်ကြည့် အမြဲကျက်သရေရှိတဲ့ အလှတရားကိုပိုင်ဆိုင်ထားတဲ့ အိန္ဒြာကျော်ဇင်ရဲ့ပွဲတက်ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။အိန္ဒြာကျော်ဇင်ကတော့ "Dé Béau Wellness Centre Grand Opening🎈🎊🎉 " ဆိုပြီး သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ တင်ထားတာပဲ ဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်ကတော့ လက်ရှိမှာ ချစ်ရတဲ့ ခင်ပွန်းရယ် သားသား မီးမီးလေးနှစ်ယောက်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတဲ့ အိမ်ထောင်ရှင်မ တစ်ဉီးပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်ကောင်းလွန်းလို့ မင်းသမီးချောလေး အိန္ဒြာ​ကျော်​ဇင်​က​တော့ ၂၀၁၄ခုနှစ်​တုန်းက "မျက်​နှာများတဲ့​ကောင်းကင်​" ရုပ်​ရှင်​ဇာတ်​ကားနဲ့ ပထမဦးဆုံးအကယ်​ဒမီကိုရရှိခဲ့ပြီး ၁၃နှစ်​ကြာမှ "ရင်​ဘတ်​ထဲကဓား" ရုပ်​ရှင်​နဲ့ ဒုတိယ​မြောက်​အကယ်​ဒမီကို ထမ်​မံဆွတ်​ခူးရရှိခဲ့တာပဲ ဖြစ်​ပါတယ်​။ သူမပါဝင်​သရုပ်ဆောင်​ထားတဲ့ Box No 88 ရုပ်ရှင်ကလည်း မကြာခင်မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ မိုမို​လေးချစ်​ပရိသတ်​တွေလည်း တစ်​နေ့တစ်​ခြား ပိုပိုပြီးလှရက်​နိုင်​သူကြီး အူဝဲ​ကိုချစ်​ရင်​shareသွားကြဖို့ မ​မေ့ပါနဲ့​နော်​။

Myint Myat
Source:Eaindra Kyaw Zin's Facebook
Photo:LI Jhon Photography
credit-momolay.com

POPULAR POSTS

ads