ဇာတ်ပို့သရုပ်ဆောင်အကယ်ဒမီ ဝါဝါအောင် ဟာဆိုရင် ပရိသတ်တွေ ချစ်ရတဲ့ ဝါရင့်အနုပညာရှင်တစ်ဦးပါ။ သူမ ရဲ့ ပီပြင်ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း ပရိသတ်အခိုင်အမာရရှိထားတာပါ။ဒီတစ်ခါမှာတော့ စပွန်ဆာ ရုပ်ရှင်ဇာတ်ကားကြီးမှာ သူမသရုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ခင်ပွန်းကို ကြိုပြောပြထားတယ်ဆိုတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဒေါ်ဝါဝါအောင်က စပွန်ဆာ ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ ရဲလေး ၊ ကျော်ကျော်၊ ပိုင်ဖြိုးသု၊ မြတ်ကေသီအောင်၊ တခြား အနုပညာရှင်များနဲ့ သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။စပွန်ဆာ ရုပ်ရှင်ဇာတ်ကားကြီးမှာ ကောင်လေးချောချောလေးတွေနဲ့ ပျော်ပါးသူအဖြစ်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။
ဒေါ်ဝါဝါအောင်က "စပွန်ဆာ ရုပ်ရှင်ဇာတ်ကားကြီးရိုက်တော့ ခဏခဏပြန်ရိုက်ရတယ် ဒါရိုက်တာမကြိုက်လို့ ကိုယ်ကလည်း နေတိုးကို အားနာတယ် သူနဲ့က အရင်ဆို အမေ အခန်း အဒေါ်အခန်းရိုက်ခဲ့တာဆိုတော့ သူလည်း တမျိုးဖြစ်မှာပဲ ဒါပေမယ့် ဇာတ်ရုပ်ပီပြင်အောင် လုပ်ခဲ့ပါတယ်" လို့ ပြောထားပါတယ်
စပွန်ဆာ ရုပ်ရှင်ဇာတ်ကားကြီးမှာ ကောင်လေးတွေဆွဲစားတဲ့ အမျိုးသမီး အဖြစ်သရုပ်ဆောင်တာနဲ့ ပတ်သက်လို့" ခင်ပွန်း ဦးအောင်ခိုင်ကို ပြောထားတယ် ညီမ ဒီရုပ်ရှင်မှာ ရိုက်ထားတာ နည်းနည်း ကြမ်းလို့ ပရိသတ်တွေကြားအပြောများနေတယ် ဒီဇာတ်ကားက ရုံတင်တော့မှာ လို့ တော့ ပြောထားတယ် နောက်မှမသိစေချင်လို့ အဲဒါသူ က ဟုတ်လား ဘယ်လိုမျိုးတွေ သရုပ်ဆောင်ထားလို့လဲဆိုတော့ သူ့ကို ထပ်ရှင်းပြလိုက်တယ် ။ သူကပြောပါတယ် ဇာတ်ရုပ်ပီပြင်အောင် သရုပ်ဆောင် ရမှာပေါ့ ဘာဖြစ်လဲ တဲ့ မကြည့်ရသေးလို့ မပြောတာလားမသိဘူး " လို့ရယ်လျက် ပြောထားပါတယ်။စပွန်ဆာ ရုပ်ရှင်ဇာတ်ကားကြီးမှာ သူမသရုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ခင်ပွန်းကို ကြိုပြောပြထားတယ်ဆိုတဲ့ အကြောင်းကိုပရိသတ်တွေ သိရလောက်ပြီထင်ပါတယ် ။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Moekalay
Source;momolay tv
Friday, October 4, 2019
Home
/
Celebrity
/
စပွန်ဆာ ရုပ်ရှင်ဇာတ်ကားမှာ ကုတင်ပေါ်ကအခန်းတွေပါတယ်လို့ ခင်ပွန်း ကိုကြိုပြောထားတယ် ဆိုတဲ့ ဝါဝါအောင်
စပွန်ဆာ ရုပ်ရှင်ဇာတ်ကားမှာ ကုတင်ပေါ်ကအခန်းတွေပါတယ်လို့ ခင်ပွန်း ကိုကြိုပြောထားတယ် ဆိုတဲ့ ဝါဝါအောင်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity