Breaking

Friday, October 18, 2019

အတူနေသည့်ဗီဒီယို ဖေ့စ်ဘွတ်ခ်ပေါ်တင်သူ ခင်ပွန်းဟောင်းကို ၆၆ (ဃ) ဖြင့် အမှုဖွင့်

အတူနေသည့်ဗီဒီယို ဖေ့စ်ဘွတ်ခ်ပေါ်တင်သူ ခင်ပွန်းဟောင်းကို ၆၆ (ဃ) ဖြင့် အမှုဖွင့်
တောင်ငူ၊ အောက်တိုဘာ ၁၅
ဇနီးမောင်နှံပေါင်းသင်းချိန် ရိုက်ကူးထားသော အတူနေသည့် (ကာမဆက်ဆံသည့်) ဗီဒီယို ဖေ့စ်ဘွတ်ခ်ပေါ်တင်သူ ခင်ပွန်းဟောင်းကို ဇနီးဟောင်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အောက်တိုဘာ ၁၄ ရက်က အမှုဖွင့်တိုင်ကြားခဲ့ကြောင်း ကညွတ်ကွင်း နယ်မြေရဲစခန်းထံမှ သိရသည်။
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ဝဲကြီးရွာနေ အမျိုးသမီးတစ်ဦးက ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့နယ်နေ ကိုဘိုဘိုလတ်ဆိုသူနှင့် နှစ်ဦးသဘောတူ လက်ထပ်ပေါင်းသင်းခဲ့ပြီးနောက် သဘောထားမတိုက်ဆိုင်၍ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက သဘောတူ ကွာရှင်းပြတ်ဆဲခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
၎င်းတို့ အတူနေ (ကာမဆက်ဆံ) စဉ် ရိုက်ထားသည့် ဗီဒီယိုကို ဘိုဘိုလတ်အမည်ဖြင့် ဖေ့စ်ဘွတ်ခ်သုံးသူက ၎င်း၏အကောင့်တွင် တင်ထားသည်ကို တွေ့ရသဖြင့် ကညွတ်ကွင်းနယ်မြေရဲစခန်းသို့ လာရောက်အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
ကညွတ်ကွင်းနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက “အမှုဖွင့် တိုင်ကြားခံရသူကို ခေါ်ယူစစ်ဆေးဖို့ လုပ်နေပါတယ်။ လက်ကိုင်ဖုန်းကို သိမ်းဆည်းထားပြီးဖြစ်ပေမယ့် ဖေ့စ်ဘွတ်ခ်ပေါ် ဘယ်နေ့က တင်တယ်ဆိုတာ တိုင်ကြားစာမှာ မပါရှိသေးပါဘူး”ဟု ပြောကြားသည်။
အမှုနှင့်ပတ်သက်ပြီး ဘိုဘိုလတ်အကောင့်အသုံးပြုသည်ဆိုသော ကိုဘိုဘိုလတ်ဆိုသူကို ကညွတ်ကွင်းနယ်မြေရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ TheVoiceDaily

POPULAR POSTS

ads