Breaking

Friday, October 4, 2019

မြန်မာနိုင်ငံက ဆေးရုံနှင့် ထိုင်းနိုင်ငံက ဆေးရုံ ကွာခြားရသည့် အဓိကအချက်

တစ်လောလေးက ထိုင်းနိုင်ငံရဲ့ ဆေးရုံတစ်ခုက မန္တလေးကို ဈေးကွက်လာဆင်းတယ်။ သူတို့ ပြတဲ့ အချက်အလက်အရ သူတို့ ဆေးရုံကို မြန်မာပြည်က နေ လာကုတာ ပြီးခဲ့တဲ့နှစ်က ဘတ်၁၀ဘီလျံကျော်တယ်တဲ့ ဘတ်၃၀ တစ်ဒေါ်လာဆိုတော့ US$333Million လောက် သုံးနေတယ်။
သူပြောတာ သူတို့ ဆေးရုံတင်မကဘဲ အားလုံးဆိုရင်တောင် အတော်များတယ်။ သူတို့ ဆေးရုံက မြန်မာနိုငံက သွားနေတဲ့ နာမည်ကြီး ၂ ခု ၃ ခု မဟုတ်သေးဘူး။သူတို့ ဆေးရုံတင်ဒီလောက်ဆိုရင် အတော်များမယ်။ ဒီစာရင်းမှာ ယိုးဒယားမှာ သွားတဲ့ လည်တဲ့ စားရိတ် လူပိုစားရိတ် လေယာဉ် ဟိုတယ်တွေ မပါသေးဘူး။
မန္တလေးကနေ ဘန်ကောက် ကို သွားတဲ့ ခရီးသယ် တစ်ဝက်ကျော်က အခု ဘန်ကောက်ကို ဆေးစစ်ဖို့ ဆေးကုဖို့ သွားနေကြတယ်။ တခါတလေ တခုခု နေမကောင်းရင် ထွက်သွားစစ်တာလုပ်ကြသေးတယ် ကြီးကျယ်တယ်လို့ ပြောပြန်ရင်လည်း သူတို့ ပြန်ပြောတာ တွေက ဟုတ်တုတ်တုတ် မလိုဘဲချဲ့တာ ခြောက်တာ အဆင်မပြေတာတွေ ကြားနေရတယ်။ ဒီမှာလည်း ကောင်းပါတယ်ဆို့ဆိုနိုင်ပေမဲ့ လက်တွေ့မှာ သွားနေကြတာ သက်သေဘဲ။

တကယ်တော့ မြန်မာနိုင်ငံမှာ ဆရာဝန်ဆိုတာ ကျောင်းက ထွက်ကတည်းက အတော်ဆုံးလူတွေ ရွေးခွင့်ရတဲ့ လိုင်းပါ။ လူတော်တွေချည်းရောက်ပြီးမှ သင်ပေးထားရတဲ့ နေရာပါ။ တစ်ဖက်မှာလည်း နေရာစုံမှာ အောင်မြင်နေတဲ့ ဆရာဝန်မလုပ်တဲ့ ဆရာဝန်တွေ အများကြီး ရှိတာ တော့ သတ်သတ်ပေါ့။
တစ်လောက မန္တလေးဆေးတက္ကသိုလ်ဆရာကတော့ပွဲမှာ ဆရာဝန်သူငယ်ချင်းတွေ နဲ့ဆုံတုန်းမှာ ဘာလို့ ဘန်ကောက်ဆေးသွားကုသလဲဆိုတာ စကားပြောဖြစ်ခဲ့ကြပါတယ်။ ပြောတဲ့အထဲမှာ အထုူးကုဆရာဝန်ကြီးတွေ ပါမောက္ခတွေ ပါနေပါတယ်။ ကြားရတာပြန်ချုပ်ရရင် ဟိုမှာ ကုရတာစိတ်ချမ်းသာတာမှန်တယ် မြန်မာလိုပြောရအောင် စီမံပေးထားတယ် အနားယူစရာနေရာလိုလုပ်ပေးထားတယ် ဘာညာ အားသာတာပြောသလို ကုတဲ့ ဆရာဝန်တွေ သာလားမေးတော့ ရေမွန်တာ ဂရုစိုက်တာ သာတယ်တဲ့ ပညာ မသာပါဘူးလို့ သူတို့ပြောတယ် ဟုတ်မှာပါ
စင်္ကာပူမလေးရှားက မြန်မာဆရာဝန်တွေ သုံးထားတဲ့ ဆေးရုံတွေတွေ့ဘူးနေတာဘဲ။ တစ်ချို့ က စက်ပိုင်းဆိုင်ရာ နည်းပညာ သာတယ်လို့ ပြောတယ် ဒါလည်းတကယ်တော့ ဝယ်တပ်လို့ရတာဘဲ အရင်ခေတ်ကသာ ပိတ်ဆို့ခံနိုင်ငံ မို့ အခု မဟုတ်တော့ဘူး။ အပြင်အဆင်လည်း ပြောရရင် ဟိုတယ်တွေတောင်လုပ်နိုင်နေသေးတာဘဲ မခက်လောက်ဘူးလို့ထင်တယ်။
လမ်း၈၀ အီကြာကွေးဆိုင်မှာ အဲဒီနေ့ က အတော်စုံအောင်ပြောဖြစ်တယ် နောက်ဆုံး ကောက်ချက်ချလိုက်နိုင်တာက team work လုပ်နိုင်လို့လားဆိုတာ ဆရာဝန်မဟုတ်တဲ့ စက်မှု့ ကျွမ်းကျင်ပညာှရင်တွေ ဆေးဝါးပညာရှင်တွေ စီမံခန့်ခွဲပညာရှင်တွေ စတာတွေ အရင်းအနှီး အနေအထားတွေ customer service mindset တွေ ကွာတာ ပေါင်းလိုက်ရင် မလွယ်ဘူးဆိုတာ အဖြေထွက်တယ်
သူဆရာကြီး ငါဆရာကြီးလုပ်တာ VIP ဆိုပြီး စနစ်ထက် အလေးပေးကြတာ စီမံခန့်ခွဲမှု့ လိုတာ အချိန်ဆက်နိုင်တာ စတာတွေ ပြောဖြစ်ကြတယ် လက်ခံသူလက်မခံသူ စုံလို ပေါ့။ သေချာတာကတော့ မယှဉ်နိုင်လို့ လေယဉ်ခအကုန်ခံပြီး ပြည်ပ ငွေသွားပေးတယ် ဆိုကတည်းက တခုခုလိုနေတာသေချာတယ်လို့ ပြောနိုင်တာဘဲ။
ထိပ်ဆုံးက ဥဏှောက်တွေနဲ့ ဖွဲထားတဲ့ industry မှာတောင် ပြိုင်ဖို့ ခက်ရင် ရွေးကျတွေနဲ့ ဆောက်ထားတဲ့ ကျန်တဲ့ HR တွေသုံးရတဲ့ နေရာတွေမှာဘယ်လိုပြိုင်ကြမလဲတဆိုတာပါ။ တကယ်တော့ ယိုးဒယားတင်မကပါဘူး အန္ဒိယလည်း ကျောက်ကပ်ကိစ္စတွေ အသွားများတယ် စကာပူသွားကြတဲ့တတ်နိုင်သူတွေလည်းအများကြီးဘဲ။
ဘာရယ်လို့မဟုတ်ပါဘူး ကိုယ်ဆီက ငွေတွေ အများကြီး သွားသုံးတာ ကာနိုင်ရင် ဝင်ငွေ တစ်မျိုးရသလိုများ ဖြစ်မလားလို့ စဉ်းစားမိတာပါ။ အာဏာနဲ့ ဒီလိုမဖြစ်အောင် သွားမကုရ ကြီးဝင်လာရင်တော့ အနာဂတ် ပိုရင်လေး စရာဖြစ်လာဦးမှာပါ။ ပြောချင်တာက နိုင်ငံတကာ အဆင့်မှီအောင် အသက်မွေးမှု့ပညာတတ်တာတခုထဲနဲ့ မလောက်ဘူးဆိုတာ သိစေချင်တာပါ။
ဝက်သားဟင်းကောင်းတစ်ခွက် ရဖို့ ဝက်သားတုံးတခုနဲ့မရသလို ကျန်တဲ့ အရံရွက်တွေ ဟင်းခပ်အမွေးအကြိုင်တွေ ငရုပ်ကြက်သွန်တွေ နဲ့ ချက်တတ်တဲ့ သူလိုသလိုပါဘဲ။
ကိုယ်ဆီက ပညာရေးစနစ်ကဘဲ technical skill တခုဘဲ သင်ပေးပြီး ကျန်တဲ့ လိုအပ်တဲ့ Communication skill နဲ့ conseptural skill ကို မသင်လို့ အမြင့်အကြီးဆောက်မရနိုင်တာလားလို့လည်း တွေးမိပါတယ်။ မြန်မာတွေ Team Work လုပ်တတ်ဖို့ မဖြစ်နိုင်ရင်တော့ ဒီတစ်ခေါက် FDI wave လာရင် ကွဲကြမယ်လို့ စိတ်ပူမိပါကြောင်းပါ။
Source : U Ye Myat Thu

POPULAR POSTS

ads