အကယ်ဒမီမင်းသားကြီး လွင်မိုးရဲ့ သမီးဖြစ်သူ ယွန်းဝတီလွင်မိုးက ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတာ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးက အရွယ်ရောက်လာပြီးတဲ့နောက်ပိုင်မှာ ကြော်ငြာတွေနဲ့ ဓာတ်ပုံတွေကို ရိုက်ကူးပြီး အနုပညာလောကမှာ နေရာတစ်နေရာမှာ ရရှိထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မင်းသားကြီးလွင်မိုးနဲ့အတူတူ ယွန်းဝတီလွင်မိုးကို ချစ်ခင်စွာ အားပေးကြပါတယ်။
မနေ့က အောက်တိုဘာလ (၂၁) ရက်နေ့ကတော့ ယွန်းဝတီလွင်မိုးရဲ့ အသက် (၂၁) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးက သူမရဲ့ မွေးနေ့လေးကို ချစ်ရတဲ့ ခင်ပွန်း၊ သူငယ်ချင်းတွေနဲ့ သြစတေးလျမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ယွန်းဝတီလွင်မိုးကတော့ သူမရဲ့ မွေးနေ့ညလေးမှာ မင်းသမီးလေးတစ်ပါးလို တောက်ပနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ယွန်းဝတီလွင်မိုးရဲ့ မွေးနေ့အမှတ်တရ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။ယွန်းဝတီလွင်မိုးက လက်ရှိမှာ သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ခင်ပွန်းဖြစ်သူ ကိုထက်ဦးလှိုင်နဲ့ ကျောင်းတက်နေတာဖြစ်ပြီး မြန်မာပြည်ကို မကြာခဏ ပြန်လာလေ့ရှိပါတယ်။
ယွန်းဝတီလွင်မိုးကတော့ မွေးနေ့ညလေးမှာ တော်တော်လေး ပျော်ရွှင်ခဲ့ပုံပါပဲ။ ပရိသတ်ကြီးလည်း ယွန်းဝတီလွင်မိုးရဲ့ မွေးနေ့အမှတ်တရ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena credit-momolay.com
Source: Yunn Wady Lwin Moe's fb
Wednesday, October 23, 2019
Home
/
Celebrity
/
(၂၁) နှစ်ပြည့်မွေးနေ့ကို သြစတေးလျမှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တဲ့ ယွန်းဝတီလွင်မိုး
(၂၁) နှစ်ပြည့်မွေးနေ့ကို သြစတေးလျမှာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တဲ့ ယွန်းဝတီလွင်မိုး
Tags
# Celebrity
About Phyo Lay
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity