နန်းဆုရတီစိုးဆိုတဲ့ နာမည်လေးကို ကြားလိုက်တာနဲ့ အသားရည်သိပ်လှပပြီး ကိုရီးယားမလေးတစ်ယောက်လို ချောမောနူးညံ့တဲ့ မင်းသမီးလေးကို ပြေးမြင်မိကြမှာပါ။ သူမဟာ သရုပ်ဆောင်အလုပ်အပြင် တေးသီချင်းတွေကိုလည်း သီဆိုနေသူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ရူးအောင်ချစ်ရသူသီချင်းကလည်း ပရိသတ်ပါးစပ်ဖျား ရေပန်းစားအောင်မြင်ခဲ့ပါတယ်။ သူမနဲ့ပတ်သက်လို့ ပရိသတ်တွေအထူးစိတ်ဝင်စားနေကြတဲ့ အကြောင်းအရာတွေထဲမှာ သူမရဲ့အချစ်ရေးကလည်း တစ်ခုအပါအ၀င်ပါ။
နန်းဆုဟာ အဆိုတော်G-fattနဲ့ ချစ်သူတွေဖြစ်နေကြတယ်ဆိုတာကို ရူးအောင်ချစ်ရသူတေးသီချင်းကနေ ပရိသတ်ကို ချပြခဲ့တာပါ။ ဒါပေမယ့် အခုလတ်တလော နန်းဆုရဲ့အချစ်ရေးကတော့ ထိလွယ်ရှလွယ်အခြေအနေမှာ ရောက်ရှိနေတာမို့ သူမရဲ့ချစ်ပရိသတ်တွေက စိုးရိမ်နေကြပါတယ်။ နန်းဆုကတော့ သူမအချစ်ရေးနဲ့ပတ်သက်လို့ လမ်းခွဲကြောင်းကို တရားဝင်ထုတ်ဖော်ပြောထားခြင်းတော့ မရှိသေးပါဘူး။ မကြာသေးခင်က သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာတော့ “ခွဲခွာရခြင်းကို မနှစ်သက်ပေမယ့် ဆုံတွေ့ခဲ့ရခြင်းကိုတော့ မြတ်နိုးမိပါတယ်”…. ဆိုပြီး သူမရဲ့ခံစားချက်တစ်ပိုင်းတစ်စကို ပရိသတ်ကို မျှဝေခဲ့ပါတယ်။
ပရိသတ်တွေကတော့ နန်းဆုလေးရဲ့အချစ်ရေး ဘာတွေဆက်ဖြစ်မလဲဆိုတဲ့ အတွေးတွေနဲ့ စိတ်ဝင်စားမှု အရှိန်အဟုန်မြင့်တက်နေပါပြီ။ နန်းဆုတစ်ယောက် အချစ်ရေးပြန်လည်အဆင်ပြေပါစေလို့ Cele Connectionsက ပရိသတ်နဲ့ထပ်တူ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source – Nan Suyati Soe
credit-Lavender
Saturday, October 26, 2019
ခွဲခွာမှုတွေနဲ့ ရင်မဆိုင်ချင်သေးဘူးဆိုတဲ့ နန်းဆုရတီစိုး
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity