Breaking

Friday, October 18, 2019

ပရိသတ်တွေပေးတဲ့ သူမဓာတ်ပုံပါတဲ့ကွတ်ကီးလေးတွေကိုစားပြီး သဘောကျနေတဲ့ ရွှေမှုံရတီ

 အသက်ငယ်ငယ်လေးနဲ့ အောင်မြင်မှုတွေ တစ်ရှိန်ထိုးရရှိနေတဲ့ မင်းသမီးချောလေး ရွှေမှုံရတီက အနုပညာပျိုးခင်းမှတဆင့် အနုပညာလောကထဲကို ဝင်ရောက်လာသူလေးပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီကို တစ်နိုင်ငံလုံးက ပရိသတ်တွေကလည်း သည်းသည်းလှုပ်ချစ်ကြပြီး သူမရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစားစောင့်ကြည့်အားပေးကြတာပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီက လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း အဆိုတော် ရွှေထူးနဲ့အတူတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။


 ဒီနေ့မှာတော့ ရွှေမှုံရတီက သူမကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေနဲ့အတူတူ တွေ့ဆုံရင်း နေ့လည်စာစားပွဲလေးတစ်ခုကို ကျင်းပခဲ့ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် ရွှေမှုံရတီရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ရွှေမှုံရတီရဲ့ ပရိသတ်တွေက ရွှေမှုံရတီအတွက် သူမဓာတ်ပုံပါတဲ့ ကိတ်မုန်တွေ၊ ကွတ်ကီးလေးတွေနဲ့ Surprise လုပ်ခဲ့တာ ဖြစ်ပါတယ်။ ရွှေမှုံရတီကလည်း ထိုမုန့်လေးတွေကိုစားပြီး တော်တော်လေး သဘောကျနေတာကို တွေ့ရပါတယ်။
ရွှေမှုံရတီကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလုပ်ငန်းတွေ လုပ်ကိုင်တာ နည်းသွားပေမယ့် အခုမှာတော့ ပရိသတ်တွေအတွက် အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ရွှေမှုံရတီကတော့ သူမရဲ့ဘဝမှာ ချစ်ရတဲ့ မိသားစုလေးနဲ့ ပရိသတ်တွေရှိနေရင် ပြည့်စုံနေသူလေး ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရွှေမှုံရတီရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Shwe Hmone Yati's fb

POPULAR POSTS

ads