မောင်ချိုဟာ ယောက်ျားလေးပုံစံအတိုင်းဝတ်စားလေ့ရှိတာကြောင့် တချို့သောပရိသတ်တွေကတော့ သူမကို Tom boyလေးလားလို့ သိချင်နေကြပါတယ်။ မောင်ချိုဟာ အချစ်ရေးနဲ့ပတ်သက်လို့လည်း တခါမှမပြောခဲ့ဖူးတာမို့ ပရိသတ်ကြီးကတော့ သူမရဲ့အချစ်ရေးကိုလည်း စိတ်ဝင်စားနေကြတာပါ။ သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီးတော့လည်း “မောင်ချိုက ယောက်ျားလေးပုံစံ အမြဲနေတော့ Propose လုပ်တဲ့သူ အခုထိ မရှိသေးပါဘူး။ ယောက်ျားလေးတွေ ကြိုက်တဲ့ ပုံစံမျိုး မောင်ချို မှာ မရှိပါဘူး” လို့ပြောခဲ့ပါတယ်။ မောင်ချိုဟာ မကြာသေးခင်အချိန်အတွင်းမှာလည်း တေးသီချင်းအယ်ဘမ်တစ်ခုထွက်တော့မှာမို့ သူမရဲ့ပရိသတ်ကြီးက စောင့်မျှော်လို့နေပါပြီ။
ချမ်းမြေ့မောင်ချိုတစ်ယောက် ဂီတလောကမှာ အောင်မြင်မှုတွေဆက်လက်ရရှိပါစေလို့ ပရိသတ်ကြီးနဲ့ထပ်တူ ဆုတောင်းပေးလိုက်ပါတယ်။ Cele Connectionsပရိသတ်ကြီးလည်း မောင်ချို့ရဲ့ တေးသီချင်းအယ်ဘမ်အသစ်ထွက်ရှိလာရင် အားပေးကြပါဦးနော်။
Source – Myanmar Celebrity
credit-(celeconnections.com)Lavender
credit-(celeconnections.com)Lavender