ပြီးခဲ့တဲ့ ရက်ပိုင်းက အဆိုတော် ဟန်နေတာနဲ့ ခင်ဝင့်ဝါကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပရိသတ်တွေ အထင်အမြင်လွဲအောင် ပုံဖြင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း ဝေဖန်တိုက်ခိုက်မှုတွေ ရှိခဲ့တာကို တွေ့ရပါတယ်။ ဟန်နေတာတစ်ယောက် ဟိုတယ်ခန်းထဲမှာ ရိုက်ထားတဲ့ပုံထဲမှာ ခင်ဝင့်ဝါရဲ့ ခြေထောက်ပါတယ်ဆိုပြီးတော့တောင် လူမှုကွန်ယက်စာမျက်နှာမှာ တော်တော်လေး ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။ ထိုကိစ္စနဲ့ ပတ်သတ်ပြီး ကာယကံရှင် ခင်ဝင့်ဝါမှ မြောက်ဒဂုံရဲစခန်းမှာ အမှုဖွင့်တိုင်ကြားလိုက်ကြောင်း အခုလိုပဲ သိရပါတယ်။
"မချောစုလှိုင်(ခ)မခင်ဝင့်ဝါ(၂၅)နှစ်၊ သရုပ်ဆောင်အနုပညာရှင်၊ ဗမာ/ဗုဒ္ဓ၊ အမှတ်(၃၈၂)၊ ပြည်ထောင်စုလမ်း၊ (၉)ရပ်ကွက်၊ ဒဂုံမြောက်မြို့နယ်နေသူသည် ၃၀.၉.၁၉ နေ့ ၁၀ နာရီခွဲ နေအိမ်၌ ရှိနေစဉ် မန်နေဂျာဖြစ်သူ မပုလဲမှ ဖုန်းဆက်၍ လူမှုကွန်ရက်စာမျက်နှာ၌ pyae phyo hein (account) ၎င်း၏ ဖုန်းနံပါတ်နှင့် zaw zaw maung (account)တို့တွင် ကျွန်မခင်ဝင့်ဝါဓာတ်ပုံနှင့် အမျိုးသားတေးသံရှင် ဟန်နေတာ၏ ဓာတ်ပုံနှစ်ခုတို့အား အသုံးပြု၍ ကျက်သရေတုံးပီ
စာသားဖြင့်လည်းကောင်း၊နာရီပိုင်ရှင် ဘယ်သူလဲဟု စာသားဖြင့်လည်းကောင်း ဖြတ်ဆက်ကာ ပူးတွဲဖော် ဆက်သွယ်ရေး လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေကြောင်း ပြောပြသိရှိရ၍"
"မချောစုလှိုင် (ခ)ခင်ဝင့်ဝါကိုယ်တိုင် မိမိ၏ဖုန်းဖြင့်လူမှုကွန်ရက်စာမျက်နှာသို့ ဝင်ရောက်ကြည့်ရှုသောအခါ မန္တလေးမြို့တွင် နေထိုင်သူများ ဖြစ်ကြသည့် Pyae Phyo Hein (Account) ပိုင်ရှင်ဖြစ်သူနှင့် Zaw Zaw Maung(Account) ပိုင်ရှင်ဖြစ်သူတို့သည် မချောစုလှိုင် (ခ)ခင်ဝင့်ဝါ ခွင့်ပြုချက်မရှိဘဲ ၎င်း၏ ဓာတ်ပုံနှင့် အမျိုးသား တေးသံရှင် ဟန်နေတာ ဆိုသူတို့၏ ဓာတ်ပုံ၊နာရီတစ်လုံးတို့အား ထင်ရှားအောင် မျှားထိုးပြသထားသည့်ဓာတ်ပုံ၊ အမည်မသိခြေထောက်
အစွန်းထွက်နေသည့် ဓာတ်ပုံ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ နာရီကိုင်ပြနေသည့် ဓာတ်ပုံ၊ စုစုပေါင်း ဓာတ်ပုံ(၅)ပုံတို့အားအသုံးပြုပြီး နာရီပိုင်ရှင် ဘယ်သူတုန်း ကျက်သရေတုန်း စသည်ဖြင့်အသရေပျက်စေရန် စာသားများရေး၊ပြီး လူမှုကွန်ရက် Facebook စာမျက်နှာတွင် ပျံ့နှံ့နေသည်ကို တွေ့ရှိခဲ့ပါသည်။"
"မချောစုလှိုင် (ခ)ခင်ဝင့်ဝါ ဓာတ်ပုံအားအသုံးပြုခဲ့သောကြောင့် ၎င်း၏ လက်ရှိလုပ်ကိုင်နေသော အနုပညာလုပ်ငန်း၌ လည်းကောင်း၊ အနုပညာ အသိုင်းအဝိုင်းနှင့် လူမှုပတ်ဝန်းကျင်၌ လည်းကောင်း၊ မျက်နှာမပြဝံ လောက်အောင်ဖြစ်ခဲ့ရသည့် အပြင် အခြားသူများ၏ အထင်အမြင် လွဲမှားခြင်းကို ခံခဲ့ရပြီး အသရေပျက်ကာ အရှက်တကွဲနစ်နာမှုများ ဖြစ်ပေါ်စေခဲ့ရသောကြောင့်""ဆက်သွယ်ရေး လူမှုကွန်ရက် Facebook စာမျက်နှာအား အသုံးပြုပြီး အသေရေပျက်စေရန် ရည်ရွယ်ချက်ဖြင့် မဟုတ်မမှန် Post တင် ရေးသားခဲ့ကြသူများဖြစ်သည့် Pyae Phyo Hein (Account) (စုံစမ်းဆဲ) ပိုင်ရှင်ဖြစ်သူနှင့် Zaw Zaw Mung (account) ပိုင်ရှင်ဖြစ်သူ တို့အပေါ် အရေးယူပေးရန် မခင်ဝင့်ဝါမှ တရားလိုပြုလုပ်၍ ယနေ့မှလာရောက် တိုင်တန်းသဖြင့် ဒဂုံမြောက် မြို့မရဲစခန်းမှာ (ပ)2477/19 ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ၃.၁၀.၁၉ ရက်နေ့ ၁၃း၄၀ အချိန် အမှုဖွင့်ပြီး အမှုစစ်ဒုရဲအုပ် သန်းလင်းဦးမှ တရားခံများအား လိုက်လံ စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။"
ခင်ဝင့်ဝါကတော့ သူမရဲ့ အနုပညာအသိုင်းအဝိုင်းမှာ မျက်နှာမပြဝံ့အောင် အရှက်တကွဲဖြစ်ခဲ့တာကြောင့် အခုလိုပဲ အမှုဖွင့်တိုင်ကြားလိုက်တာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: ဒဂုံမြောက်အဖွဲ့(ဒေါ်ပွင့်သက်)
SH သတင်းဌာန
ရှုထောင့်မှုခင်းနှင့်သတင်းစုံဂျာနယ်
အမှန်တရားဂျာနယ်
Aung Kyaw Oo
Lwin Oo
credit-momolay.com
Monday, October 7, 2019
အဆိုတော် ဟန်နေတာနဲ့ အထင်အမြင်လွဲအောင် ရေးသားသူများကို အမှုဖွင့်လိုက်တဲ့ ခင်ဝင့်ဝါ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity