ချိုသာတဲ့ အပြုံးလှလှလေးကို ပိုင်ဆိုင်ထားတာမို့ မျက်နှာမြင် အေးချမ်းစေသူလေးလို့ ပရိသတ်တွေက သတ်မှတ်ထားကြတဲ့ ချစ်စရာကောင်မလေး နော်ဖောအယ်ထားကတော့ ဘယ်အချိန်ကြည့်ကြည့် ကြည့်မဝတဲ့ အလှတရားကို ပိုင်ဆိုင်ထားသူလေးပါ။ လတ်တလောမှာတော့ နော်ဖောအယ်ထားက Esperado Enjoy Member Card Launching Eventပွဲကို တက်ရောက်ခဲ့တဲ့ သူမရဲ့ပွဲတက်ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အမြဲလိုလို ချစ်စဖွယ်ပုံရိပ်လေးတွေနဲ့ ညှို့ယူတတ်တဲ့ နော်ဖောအယ်ထားလေးကတော့ အခုလိုပုံလေး ပြင်ဆင်ထားပြန်တော့လည်း အရမ်းကို တည်ငြိမ်ပြီး လှရက်လွန်းနေတာပါနော်။
နော်ဖောအယ်ထားကတော့ "Esperado Enjoy Member Card Launching Event! Organized by MMTCU Entertainment! 🤩✨" ဆိုပြီး တည်ငြိမ်ရိုးရှင်းတဲ့ အလှတရားတွေ ပြည့်နှက်နေတဲ့ သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။လူလေးကလည်း ချစ်စရာကောင်းသလို သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့ နော်ဖောအယ်ထားလေးကတော့ သူမရဲ့ပထမဦးဆုံး ရုပ်ရှင်ဖြစ်တဲ့ " ပျောက်ဆုံးနေသော အမှန်တရား " ဇာတ်လမ်းတွဲထဲမှာ အသစ်တစ်ဦးအနေနဲ့ အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ခဲ့ပါသေးတယ်။အားလုံးကချစ်ကြတဲ့ နော်ဖောအယ်ထားရဲ့အပြုံးလှလှလေး...။
ချစ်စရာမော်ဒယ်သရုပ်ဆောင်လေး နော်ဖောအယ်ထားကတော့ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ သူမကတော့ လက်ရှိ ပြသနေတဲ့ "ပျောက်ဆုံးနေသော အမှန်တရား" ဇာတ်လမ်းတွဲထဲမှာလည်း သုဒြာဆိုတဲ့ ကောင်မလေးတစ်ဦးနေရာက သရုပ်ဆောင်ထားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်စရာကောင်းတဲ့ တောင်ကြီးသူလေး နော်ဖောအယ်ထားကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Naw Phaw El Htar's Facebook
Friday, October 4, 2019
တည်ငြိမ်ပြီး ရိုးရှင်းတဲ့ အလှတရားကို ပြသလိုက်တဲ့ နော်ဖောအယ်ထား
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity