Breaking

Friday, October 18, 2019

မွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားတဲ့ (၁၇) နှစ်အရွယ် မိန်းကလေး

 အသက် ၁၇ နှစ်အရွယ် သမီးလေး ရက်၂ဝကြာ ပျောက်ဆုံးနေလို့ ကူညီ ပေးကြပါနော်လူပျောက်ကြော်ငြာ… ကျေးဇူးဆပ်ပါမည် ဒီပို့စ်ကို ကျေးဇူးပြု၍ Share ပေးခြင်းအားဖြင့် ကူညီပေးကြပါဖော်ပြပါပုံထဲက မိန်းကလေးကို တွေ့ရှိခဲ့ရင် ကျေးဇူးပြုပြီး အကြောင်းကြားပေးကြဖို့ပါ ချစ်ပရိသတ်ကြီးတို့ရေ


 “လူပျောက်ကြော်ငြာပါ။ ကူညီရှယ်ပေးပြီး တွေ့ရင် ဆက်သွယ်ပေးကြပါ။ကျေးဇူးဆပ်ပါမည်” ဆိုတဲ့ ပို့စ်လေးတစ်ခုကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်ဒီသတင်းကို Pyae Kyaw အကောင့်ပိုင်ရှင်ရဲ့ ပို့စ်လေးမှာ တွေ့ရှိခဲ့ရတာဖြစ်ပြီး သူ့ရဲ့ သတင်းမျှဝေမှုကို သက်သေ ဓာတ်ပုံနဲ့တကွပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်လိုက်ရခြင်းဖြစ်ကာ တစ်ဆင့် သတင်းပေးမျှဝေလိုက်ရခြင်း ဖြစ်ပါတယ်ခင်ဗျာ
ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအုပ်စု၊ ချောင်းနှစ်ခွကျေးရွာ ရပ်ကွက်(၁) မှာနေထိုင်တဲ့ အဖ ဦးဝင်းဇော်ရဲ့ အသက် ၁၇ နှစ်အရွယ် သမီးဖြစ်သူ မပိုးယုဇော် ဟာ လွန်ခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့က မွေးနေ့ပွဲသွားမည်လို့ ပြောပြီး နေအိမ်မှ ထွက်သွားခဲ့ကြောင်း သိရပါတယ်

သူဟာ အဲ့ဒီနေ့ကတည်းက ပျောက်ဆုံးသွားခဲ့ရကာ ဒီနေ့ အောက်တိုဘာလ ၁၅ ရက်နေ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်းသိရပြီး သူပျောက်ဆုံးနေတာ ရက် ၂၀ နီးပါးရှိခဲ့ပြီ ဖြစ်ပါတယ်အခုလို ပျောက်ဆုံးသွားခဲ့ပြီးနောက် သူ့ကို ရှာမရဖြစ်နေကြရတာမို့ ဘယ်နေရာကို ရောက်ပြီး ဘာဖြစ်နေမှန်း လုံးဝ သတင်းမကြားသိရတော့တဲ့အတွက် မိသားစုဝင်တွေအားလုံးက စိတ်ပူနေကြရတယ်လို့ သိရပါတယ်မိသားစုများက ချောင်းနှစ်ခွ နယ်မြေရဲစခန်းမှာ လူပျောက်တိုင်ကြား အမှုဖွင့်ဆောင်ရွက်ထားပြီးလည်းဖြစ်ကြောင်း တစ်ပါတည်းသိရှိခဲ့ရပါတယ်မပိုးယုဇော်ကိုတွေ့ရှိပါက ဖော်ပြပါ ဖုန်းနံပါတ်များထံ ဆက်သွယ်အကြောင်းကြားကူညီပေးပါရန် အကူအညီတောင်းခံအပ်ပါတယ်ခင်ဗျာ09786622291
09697413010မပိုးယုဇော်ရဲ့ ဓာတ်ပုံတွေကိုပါ တစ်ပါတည်း ဖော်ပြပေးလိုက်ရပါတယ်။ ဒီပို့စ်ကို ကျေးဇူးပြု၍ Share ပေးခြင်းအားဖြင့် ကူညီပေးကြပါနော်။credit-AlinnMyay(အလင်းမြေ)

POPULAR POSTS

ads