Breaking

Sunday, October 20, 2019

"ခွေးလေးတွေချစ်တတ်ရုံနဲ့တင် ကျွန်တော့ရင်ထဲမှာ အမှတ်ပြည့်ပေးထားပြီးသားပါ မရယ်" ဆိုတဲ့ ပိုင်တံခွန်

 ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လေး ပိုင်တံခွန်က စွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ယောက်ျးဆန်ဆန် ညိုညက်ညက် အသားအရည်ကို ပိုင်ဆိုင်ထားသူပါ။ အဲ့ဒီလို ယောကျာ်းဆန်တဲ့ လက္ခဏာတွေကြောင့် ထိုင်းပရိသတ်တွေကလည်း ပိုင်တံခွန်ကို သဘောကျအားပေးကြတာ ဖြစ်ပါတယ်။ ပိုင်တံခွန်ကလည်း ပရိသတ်တွေရဲ့ အကြိုက်နဲ့ကိုက်ညီအောင် စိတ်ရော၊ လူရော အကောင်းဆုံးဖြစ်အောင် နေထိုင်တာကို တွေ့ရပါတယ်။

 တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ ပိုင်တံခွန်က ဒီနေ့မှာတော့ ချစ်စရာကောင်းတဲ့ ခွေးပေါက်စလေးတစ်ကောင်နဲ့ သူ့ရဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။ပိုင်တံခွန်က "ခွေးလေးတွေချစ်တတ်ရုံနဲ့တင် ကျွန်တော့ရင်ထဲမှာ အမှတ်ပြည့်ပေးထားပြီးသားပါ မရယ်" ဆိုပြီး ချွဲချွဲနွဲ့နွဲ့ ပြောထားတာတွေ့ရပါတယ်။စကားအရမ်းတတ်လွန်းတဲ့ ပိုင်တံခွန်က " မ ဆိုတာ အ"မ" တွေ အတွက်ချည်းမှ မဟုတ်တာ ညီ"မ"လေး ရယ်" ဆိုပြီးတောင် ညီမလေးတွေကို ချော့ထားပါသေးတယ်။



ပိုင်တံခွန်ကတော့ တစ်နေ့တစ်နေ့ ကောင်မလေးတွေ ကြွေဆင်းရအောင် လုပ်နိုင်သူ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena credit-momolay.com
Source: Paing Takhon's fb

POPULAR POSTS

ads