တိုင်ရွန်ဟာ အမိုက်စား ဘော်ဒီ၊ အမိုက်စားတက်တူးတွေ နဲ့ သန့်ပြန်တဲ့ရုပ်ရည်၊စမတ်ကျတဲ့ဝတ်ပုံစားပုံတွေကြောင့် မော်ဒယ်လောကကနေ အောင်မြင်လာသူတစ်ယောက်ဖြစ်ပါတယ်။
အောက်တိုဘာ (၂၅) ရက်မှာ Air Asia ကြော်ငြာ Shooting အတွက် ရန်ကုန်မြို့ကနေ မလေးရှားနိုင်ငံကို ရောက်ရှိနေတာလည်းဖြစ်ပါတယ်။မွန်ပြည်နယ်၊ သံဖြူဇရပ်ဇာတိဖြစ် တဲ့တိုင်ရွန်ဟာ ၂၀၁၄ မှာ မော်ဒယ်စလုပ်ခဲ့ပြီး၂၀၁၈ မှာ ထုတ်လွှင်ပြသခဲ့တဲ့ 'မနေ့ကဖြစ်သည် ၂' ဇတ်လမ်းတွဲမှာ ကျော်ကျော်ဗိုလ်၊ ဆုပန်ထွာ၊ အေးမြတ်သူ၊ အောင်မင်းခန့်၊ ခါရာတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ရာကနေလည်း ပရိသတ်အားပေးမှုအထူးရခဲ့ပါတယ်။
တိုင်ရွန်ဟာ လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေပါရိုက်ကူးနေသူဖြစ်ပါတယ်။ မြင့်မြတ်နဲ့ အတူသရုပ်ဆောင်ထားပြီးလက်ရှိ ရုံတင်ထားတဲ့ 'ချိုးရုပ်' ရုပ်ရှင်ဇာတ်ကားမှာ တိုင်ရွန်ရဲ့ သရုပ်ဆောင်ချက်တွေက ပရိသတ်တွေကြားမှာရေပန်းစားနေခဲ့ပါတယ်။
မိုမိုလေး ပရိသတ်တွေရော တိုင်ရွန်ကို ကြိုက်ကြရဲ့လား?
အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။
Ref:Tyron Bejay
LeoThT
credit-momolay.com
Saturday, October 26, 2019
မလေးရှားနိုင်ငံ ကွာလာလမ်ပူကို ကြော်ငြာရိုက်ဖို့ရောက်ရှိနေတဲ့ တိုင်ရွန်
Tags
# Celebrity
About Phyo Lay
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity