Breaking

Friday, October 4, 2019

စင်ကာပူနိုင်ငံမှာ ကြော်ငြာသွားရောက်ရိုက်ကူးတော့မယ့် ဖြူဖြူထွေး

 ရိုးသားဖြူစင်တဲ့ ကျေးတောသူမလေးဖြူဖြူထွေးကတော့ မနက်ဖြန်ဆိုရင် ကြော်ငြာရိုက်ကူးဖို့အတွက် စင်ကာပူနိုင်ငံကိုသွားတော့မှာပဲ ဖြစ်ပါတယ်။ ပြည်တွင်းမှာတင်အောင်မြင်ရုံသာမက ပြည်ပနိုင်ငံတွေအထိပါ ကြော်ငြာတွေသွားရောက်ရိုက်ကူးရတော့မှာဆိုတော့ ဖြူဖြူ့ရဲ့အောင်မြင်မှုက အံ့မခန်းပါပဲ ပရိသတ်ကြီးရေ။ ရိုးသားဖြူစင်ပြီး ကိုယ့်ရပ်ကိုယ့်ရွာကိုလည်း ကောင်းကျိုးပြုတတ်သူ တစ်ယောက် ပါ။

 ငယ်စဉ်ကနွမ်းပါးခဲ့ပေမယ့် သူမရဲ့ကြိုးစားမှုနဲ့အောင်မြင်လာတဲ့အချိန်မှာတော့ မိသားစုအတွက် အိမ်ကြီးအိမ်ကောင်းဆောက်လုပ် ပေးပြီး မိဘတွေကိုလည်းစိတ်ချမ်းသာအောင်ထားနိုင်တဲ့ သမီးလေးဖြစ်တာကြောင့် တကယ့်ကိုအဖိုးတန်လေးပါပဲ။ စကားပြောဆိုတာ မှာလည်း ပွင့်လင်းပြီး ချစ်ဖို့ကောင်းတဲ့သူမကို ချစ်ခင်အားပေးတဲ့ပရိသတ်တွေကလည်း တစ်နေ့တခြားပိုပိုပြီး များလာခဲ့ပါတယ်။

ချစ်စရာကောင်းတဲ့အပြုံးပုံရိပ်လေးနဲ့အတူ ” ဖြူဖြူ စင်္ကာပူ(Singapore) မှာကြော်ငြာရိုက်ဖို့ မနက်ဖြန်လာပြီနော ် ” ဆိုတဲ့ အကြောင်း အရာလေးကို ပရိသတ်တွေကို အသိပေးလိုက်တာပဲဖြစ်ပါ တယ်။ တနင်္ဂနွေမှာရိုက်ကူးမှာဖြစ်ပြီး Terminal (3) မှာ နေ့လည် (၁၂) နာရီရောက်မယ့်အကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။ ဖြူဖြူ့ကိုအားပေးချင်တယ်ဆို အပြေးလေးသွားလိုက်တော့နော်။Photo – Phyu Phyu Htwe
Happy – Cele Gabar

POPULAR POSTS

ads