Breaking

Thursday, October 24, 2019

မချစ်တတ်သေးလို့ အပျိုကြီးဖြစ်နေတာပါလို့ ဝန်ခံလိုက်တဲ့ အေးဝတ်ရည်သောင်း

 မအေးသောင်းဆိုပြီး ပရိသတ်တွေ ချစ်ရတဲ့ မင်းသမီးချောလေး အေးဝတ်ရည်သောင်းက ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။  အေးဝတ်ရည်သောင်းက အခုချိန်ထိတိုင် ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကို ခံနေရပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း လက်မလည်အောင် ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အေးဝတ်ရည်သောင်းရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစား စောင့်မျှော်အားပေးကြတာ ဖြစ်ပါတယ်။

 ဒီတစ်ခေါက်မှာတော့ အေးဝတ်ရည်သောင်းက အေးချမ်းတည်ငြိမ်ပြီး အရမ်းလှတဲ့ ပုံရိပ်တွေကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် အေးဝတ်ရည်သောင်းရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။အေးဝတ်ရည်သောင်းက "မချစ်ဖူးသေးလို့ အပျိုကြီးဖြစ်နေတာမဟုတ်ဘူး။ မချစ်တတ်သေးလို့ အပျိုကြီးဖြစ်နေတာပါ။ သင်ပေးပါ အချစ်အကြောင်း" ဆိုပြီး ဖွဲ့ဖွဲ့နွဲ့နွဲ့လေး ပြောထားတာ ဖြစ်ပါတယ်။အေးဝတ်ရည်သောင်းက လက်ရှိ အသက် (၃၀) ကျော် အရွယ်ကို ရောက်ရှိနေတာဖြစ်ပြီး အိမ်ထောင်မပြုသေးပဲ သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကိုသာ အားထုတ်လုပ်ကိုင်နေလျက်ရှိပါတယ်။

အေးဝတ်ရည်သောင်းကတော့ သူမကို အချစ်အကြောင်းတွေ သင်ပေးဖို့ ချစ်စနိုးလေး တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်ကြီးလည်း အေးဝတ်ရည်သောင်းရဲ့ အမိုက်စားပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Aye Thaung's fb
credit-momolay.com

POPULAR POSTS

ads