ပရိသတ်တွေချစ်ကြတဲ့ အနုပညာရှင် စုံတွဲလေးဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer ဟာ နေနဲ့လ၊ ရွှေနဲ့မြလို လိုက်ဖက်ညီလွန်းသူတွေ ဖြစ်ပါတယ်။ လွှမ်းပိုင်နဲ့ Bobby Soxer ဟာ ဝါသနာတူ၊ အကြိုက်တူနဲ့ ချစ်သူဘဝကို တည်ဆောက်လာတာ အခုဆိုရင် (၁၀) နှစ်တောင် ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အေးဆေးတည်ငြိမ်ပြီး ရင့်ကျက်လွန်းတဲ့ လွှမ်းပိုင်နဲ့ Bobby Soxer တို့အတွဲလေးကို အခုချိန်ထိ အားပေးချစ်ခင်နေကြဆဲ ဖြစ်ပါတယ်။
လွှမ်းပိုင်နဲ့ Bobby Soxer က သီချင်းတွေကို ဖန်တီးနေရုံသာမက ဖိတ်ကြားခံရတဲ့ ပွဲအခမ်းအနားတွေကိုလည်း စုံတွဲလိုက်လေး တက်ရောက်ပေးနေကြတာပဲ ဖြစ်ပါတယ်။ဒီတစ်ခေါက်မှာလည်း ပရိသတ်ကြီးချစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer ကို လူငယ်ဆန်ဆန် အမိုက်စားဖက်ရှင်လေးတွေနဲ့ ပွဲတက်လာတာကို တွေ့ရပါတယ်။ မိုမိုလေး ပရိသတ်တွေအတွက် လွှမ်းပိုင်နဲ့ B Sox တို့ရဲ့ ကြည်နူးစရာကောင်းတဲ့ ပွဲတက်ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။လွှမ်းပိုင်နဲ့ Bobby Soxer တို့က ပြီးခဲ့တဲ့ (၂၀၀၉) ခုနှစ်ကတည်းက လက်တွဲခဲ့တာဖြစ်ပြီး အခုဆိုရင် ချစ်သူသက်တမ်း (၁၀) နှစ်ကျော်ကာလရှိပြီပဲ ဖြစ်ပါတယ်။Bobby Soxer က " သူ့ ခမျာလည်း မျောက်ကဲမလေး ၁ကောင်ကို ပေါက်စနမြီးကောင်ပေါက်အရွယ်ထဲက လိုက်ထိန်းပေးခဲ့တာ ၁၀စုနှစ်၁ခုတောင်ကျော်လာခဲ့ပြီ ! Bwahaha ❤️🤣😍 (တည်ငြိမ်သူကိုဘာတွေလိုက်စနေမှန်းမသိ 🤪)" ဆိုပြီး လွှမ်းပိုင်ကို စနောက်ထားပါသေးတယ်။လွှမ်းပိုင်နဲ့ Bobby Soxer က Rap သီချင်းတွေကို အတူတူ ဖန်တီးခဲ့ကြရုံသာမက အခုဆိုရင် Game တွေအတူတူဆော့ကာ Stream ကြရာ ပရိသတ်တွေရဲ့ အားပေးမှုကို ထပ်မံရရှိနေတာပဲ ဖြစ်ပါတယ်။
လွှမ်းပိုင်နဲ့ Bobby Soxer တို့အတွဲလေး ကတော့ တစ်နေ့တစ်ခြား ပိုပိုပြီး ချစ်စရာကောင်းလာတာပဲနော်။ ပရိသတ်ကြီးလည်း လွှမ်းပိုင်နဲ့ Bobby Soxer တို့အတွဲလေးကိုကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်နော်။
Rowena
Source: Bobby Soxer's fb
Photo: Ria Bo Vich
credit-momolay.com
Sunday, October 27, 2019
Home
/
Celebrity
/
မြီးကောင်ပေါက်အရွယ်ကတည်းက လိုက်ထိန်းပေးခဲ့တဲ့ လွှမ်းပိုင်အကြောင်းပြောလာတဲ့ Bobby Soxer
မြီးကောင်ပေါက်အရွယ်ကတည်းက လိုက်ထိန်းပေးခဲ့တဲ့ လွှမ်းပိုင်အကြောင်းပြောလာတဲ့ Bobby Soxer
Tags
# Celebrity
About Phyo Lay
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity