ယခု နောက်ပိုင်းမှာ ပြောင်းလဲလာတဲ့ လူနေမှု Lifestyle ကြောင့် ကိုယ်အလေးချိန် များလာတာ၊ အ၀လွန်လာတဲ့ ကိစ္စတွေဟာ တဖြည်းဖြည်း ပိုမို များပြားလာတာကို တွေ့ရှိရပါတယ်။
ဝိတ်ကျချင်သူတွေ၊ ၀ိတ်ချဖို့ စိတ်ကူးရှိသူတွေ အတွက် Motivation တစ်ခု အနေနဲ့ မယုံနိုင်လောက်အောင် ၀ိတ်ချပြနိုင်ခဲ့တဲ့ Sapna Vyas Pate ဆိုတဲ့ မိန်းကလေး တစ်ယောက် အကြောင်းကို ဖော်ပြပေးချင်ပါတယ်။သူမဟာ ၀ိတ်ချဖို့ အတွက် ပိန်ဆေးတို့လို ဆေးဝါး အကူအညီတွေ လုံးဝ မယူခဲ့ပဲ လေ့ကျင့်ခန်း တစ်ခုတည်းကိုပဲ အားပြုပြီး Body ကို ပြောင်းလဲပစ် ခဲ့တာပါ။
သူမရဲ့ Gym ပုံတွေဟာ လူမှုကွန်ရက် ပေါ်မှာဆိုရင် ၀ိတ်ကျချင်သူတွေ အတွက် တကယ့်ကို စံပြအတုယူစရာ ဖြစ်ခဲ့ပါတယ်။Sapna Vyas Patel က တစ်နှစ် အတွင်းမှာပဲ (၃၃) ကီလို ကျအောင် ၀ိတ်ချခဲ့တာပါ။သူမရဲ့ အရင်တုန်းက ကိုယ်အလေးချိန်ဟာ (86 kg) တောင် ရှိခဲ့တာပါ။ အဲဒီ အလေးချိန်ကနေမှာ (53 kg) ထိကျအောင် ချခဲ့တာပါ။
ဝိတ်ချတယ်၊ ၀ိတ်ကျသွားတယ် ဆိုတာ အပြော လွယ်ပေမယ့် တကယ်တမ်း အလုပ်ခက်ပါတယ်။ ဇွဲရှိရှိနဲ့ လုပ်မှ ကိုယ်လိုချင်တဲ့ Body goal တစ်ခုကို ရမှာပါ။
လေ့ကျင့်ခန်း တစ်ခုတည်းကို အားပြုပြီး ၀ိတ်ချရတာမို့ Sapna Vyas Pate တစ်ယောက် နေ့ချင်းညချင်း လက်ရှိ Body ကို ရခဲ့တာ မဟုတ်ပါဘူး။တစ်နှစ် လောက်ကို ကြိုးကြိုးစားစား ၀ိတ်ချခဲ့တာပါ။ ယခု ဆိုရင်တော့ သူမဟာ Reebok Certified Fitness Professional တစ်ယောက် ဖြစ်လာခဲ့သလို လူမှုကွန်ရက် စာမျက်နှာပေါ်မှာလည်း အားပေးတဲ့ fan တွေ အများကြီး ပိုင်ဆိုင် နေပါပြီ။သူမရဲ့ ဆိုရှယ်မီဒီယာက တစ်ဆင့် လေ့ကျင့်ခန်း အကြောင်း၊ diet plan နဲskin care အကြောင်း တွေကိုလည်း ပုံမှန် ဝေမျှပေးတယ် လို့ သိရှိရပါတယ်။
Wednesday, October 23, 2019
“၀တုတ်မလေး ပုံစံကနေ Body အလှပိုင်ရှင်လေး အဖြစ် ပြောင်းလဲပြခဲ့တဲ့ မိန်းကလေး”
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
News
Tags
News