မြန်မာဆန်လွန်းတဲ့ မျက်နှာကျလေးနဲ့ ထူးခြားလှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကြောင့် ပရိသတ်တွေ အရမ်းသဘောကျကြတဲ့ မင်းသမီးချောလေး အိချောပိုကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူတစ်ဦးပါ။ အမြဲလိုလို ညှို့အားပြင်းပုံရိပ်တွေနဲ့ ပရိသတ်တွေကို ဆွဲဆောင်နိုင်လွန်းတဲ့ အိချောပိုကတော့ လတ်တလောမှာလည်း အရမ်းကို လှရက်လွန်းတဲ့ သူမရဲ့ပုံရိပ်လေးတွေနဲ့အတူ ပညာသားပါတဲ့ စာသားလေးတစ်ခုကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အိချောပိုပြောလာတဲ့ စိတ်ဓါတ် Branded ဖြစ်ဖို့ဆိုတာက ပိုက်ဆံရှိတိုင်းလည်း ဖြစ်မလာနိုင်ဘူးဆိုတဲ့ အိချောပိုရဲ့စကားကတော့ အရမ်းကို ထိမိလွန်းပါတယ်နော်။
အိချောပိုကတော့ "ပစ္စည်း Branded တွေဆိုတာက ပိုက်ဆံရှိရင် အသစ်ထွက်တိုင်းဝယ်လို့ရတယ်...စိတ်ဓါတ် Branded ဖြစ်ဖို့ဆိုတာက ပိုက်ဆံရှိတိုင်းလည်း ဖြစ်မလာနိုင်ဘူးလေ...ဒီတော့ ကိုယ့်စိတ်ဓါတ်ကို အကောင်းစား Branded ဖြစ်အောင်ကြိုးစားတယ်...စူစူ Morning Guys...💖" ဆိုပြီး ဒဿနလေးနဲ့အတူ သူမရဲ့ခပ်မိုက်မိုက်ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။အဆီပိုမရှိ ကျစ်လစ်ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ အိချောပိုကတော့ ဘာလေးဝတ်ဝတ် ကျော့ရှင်းလှပနေသူလေးပါပဲနော်။
ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ အိချောပိုရဲ့အချစ်ရေးကတော့ အခုအချိန်ထိကို အေးဆေးငြိမ်သက်နေပြီး၊ တစ်ကိုယ်တည်း မိသားစုကို အချိန်ပေးရင်း ရှေ့ဆက်နေတာပါနော်။မင်းသမီးချောလေး အိချောပိုကတော့ လတ်တလောမှာ ရုပ်ရှင်တွေ ဆက်တိုက်ရိုက်ကူးဖြစ်နေပြီး ပွဲတွေလည်း တက်ဖြစ်နေတာ တွေ့ရပါတယ်။ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့ စူစူကတော့ ဒရာမာရုပ်ရှင်တွေထဲမှာလည်း ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သူတစ်ဦးပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း လူလေးလှသလို၊ စိတ်ထားလေးလည်း ပြတ်သားတဲ့ အိချောပိုကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Ei Chaw Po's Facebook
Wednesday, October 9, 2019
Home
/
Celebrity
/
စိတ်ဓါတ် Branded ဖြစ်ဖို့ဆိုတာက ပိုက်ဆံရှိတိုင်းလည်း ဖြစ်မလာနိုင်ဘူးဆိုတဲ့ အိချောပို
စိတ်ဓါတ် Branded ဖြစ်ဖို့ဆိုတာက ပိုက်ဆံရှိတိုင်းလည်း ဖြစ်မလာနိုင်ဘူးဆိုတဲ့ အိချောပို
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity