တစ်ကမ္ဘာလုံးက သည်းသည်းလှုပ်အားပေးကြတဲ့ အဆိုတော် Justin Bieber ကတော့ အတည်တကျနဲ့ အိမ်ထောင်ရက်သား ကျသွားပြီမို့ သူ့ရဲ့ပရိသတ်တွေရော၊ ချစ်ရခင်ရသူတွေကပါ Justin အတွက် ဝမ်းသာပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ်။ အဆိုတော်ပေမယ့် မော်ဒယ်တစ်ဉီးလို ညှို့အားပြင်းတဲ့ Justin Bieber ကတော့ လတ်တလောမှာ ဇနီးအသစ်စက်စက်လေး Hailey Bieber နဲ့ Calvin Klein အတွင်းခံကြော်ငြာကို အတူရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ နှစ်ယောက်လုံးကလည်း အရမ်းကို ညှို့အားပြင်းလွန်းတာမို့ Justin Bieber တို့နှစ်ဉီးရဲ့ ကြော်ငြာပုံရိပ်တွေကတော့ အရမ်းကို ဂေါ်နေတာပါနော်။
ချစ်ပရိသတ်တွေအတွက် အသစ်စက်စက် ချစ်ဇနီးချောလေးနဲ့ Calvin Klein အတွင်းခံ ကြော်ငြာခဲ့တဲ့ Justin Bieber ရဲ့ ခပ်ဟော့ဟော့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။Justin Bieber ကတော့ လတ်တလောမှာလည်း Dan,Shay တို့နဲ့ အတူသီဆိုထားတဲ့ 10,000 Hours သီချင်းလေးကို ဇနီးလေးနဲ့ အတူ သရုပ်ဆောင်ထားပါသေးတယ်။
အဆိုတော် Justin Bieber နဲ့ ဇနီးဖြစ်သူ Hailey Bieber တို့နှစ်ဦးရဲ့မင်္ဂလာပွဲကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ (၃၀) ရက်နေ့က Romantic ဆန်တဲ့ ကျွန်းလေးမှာ ရင်းနှီးတဲ့ မိတ်ဆွေတွေကို ဖိတ်ကြားပြီး ခမ်းခမ်းနားနား ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ သူ့အပေါ် အားကိုးတကြီး ချစ်လွန်းတဲ့ Hailey ကို ပိုင်ဆိုင်ထားရတာ Justin Bieber တစ်ယောက် အရမ်းကို ကံကောင်းလွန်းပါတယ်နော်။ချစ်ပရိသတ်တွေလည်း Justin Bieber နဲ့ Hailey Bieber တို့ ဇနီးမောင်နှံနှစ်ယောက် နောင်နှစ်ပေါင်းများစွာ အချစ်တွေအပြည့်နဲ့ ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြပါဦးနော်။CRD-Momolay
Saturday, October 5, 2019
အသစ်စက်စက် ဇနီးလေးနဲ့ Calvin Klein အတွင်းခံ ကြော်ငြာခဲ့တဲ့ Justin Bieber
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity