နိုင်ငံကျော်သရုပ်ဆောင် အဆိုတော် အကယ်ဒမီ ထွန်းထွန်းဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။အဆိုတော်ပိုင်းမှာ အောင်မြင်ပြီးသားဖြစ်တဲ့ ထွန်းထွန်းက သရုပ်ဆောင်အလုပ်မှာလည်း အောင်မြင်သလို သူ့ရဲ့ပီပြင်လှတဲ့ သရုပ်ဆောင် ချက်တွေ ကြောင့် သူ့ကို ချစ်တဲ့ ပရိသတ်အခိုင်အမာ ရရှိထားသူပါ။ ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ချစ်ပရိသတ်တွေအတွက် ထွန်းထွန်း က "နှင်းဆီလှေ" အငြိမ့်မှာ Catwalk King Sinon Loresca ပုံစံ သရုပ်ဆောင်ပြခဲ့တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ထွန်းထွန်းဟာဆိုရင် နှင်းဆီအငြိမ့်မှာ နေတိုး၊ ကျော်ကျော်ဗို ၊ မင်းမော်ကွန်း၊ ရဲလေး တို့နဲ့ အတူ လူရွှင်တော် အဖွဲ့ဝင် တစ်ဦးအဖြစ်ပရိသတ်တွေ လက်ခံထားသူပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကို ပါးစပ်မစိရအောင် ပြောင်မြောက်တဲ့ ပြက်လုံးများနဲ့ နှင်းဆီညီအစ်ကိုများကတင်ဆက်ပေးလေ့ရှိတာကြောင့် ပရိသတ်တွေကြားမှာ နှင်းဆီအငြိမ့်ဆိုပြီး နာမည်ကြီးနေတာပါ။ဒီတစ်ခါမှာလည်း "နှင်းဆီလှေ" အငြိမ့်က ရာ လတ်တလောမြန်မာပရိသတ်တွေကြားနာမည်ကြီးနေတဲ့ Catwalk King Sinon Loresca ရဲ့ ပုံစံသရုပ်ဆောင်ပြီး ပရိသတ်တွေကို ဖျော်ဖြေခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်တွေအတွက် Catwalk King Sinon Loresca ပုံစံ သရုပ်ဆောင်ပြခဲ့တဲ့ ထွန်းထွန်း ရဲ့ video file လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။"နှင်းဆီလှေ" အငြိမ့်မှာ Catwalk King Sinon Loresca ပုံစံ သရုပ်ဆောင်ပြခဲ့တဲ့ ထွန်းထွန်း
Catwalk King Sinon Loresca ပုံစံ သရုပ်ဆောင်ပြခဲ့တဲ့ ထွန်းထွန်း ရဲ့ video file လေးကို မိုမိုလေးပရိသတ်တွေသဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Moekalay
Source;Sinon Loresca facebook page
Saturday, October 5, 2019
Home
/
Celebrity
/
"နှင်းဆီလှေ" အငြိမ့်မှာ Catwalk King Sinon Loresca ပုံစံ သရုပ်ဆောင်ပြခဲ့တဲ့ ထွန်းထွန်း
"နှင်းဆီလှေ" အငြိမ့်မှာ Catwalk King Sinon Loresca ပုံစံ သရုပ်ဆောင်ပြခဲ့တဲ့ ထွန်းထွန်း
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity