Breaking

Friday, October 18, 2019

Crush လေး Baifern ကို လမ်းခရီးမှာ အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပေးလိုက်တဲ့ ပိုင်တံခွန်


နိုင်ငံကျော် သရုပ်ဆောင် မင်းသားချော ပိုင်တံခွန်က ကြံ့ခိုင်သန်စွမ်းပြီး ယောကျာ်းပီသတာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။ ရုပ်ချောသလို စိတ်ထားလေးလည်း ကောင်းတဲ့ ပိုင်တံခွန်ကို ပရိသတ်တွေက ပိုပြီးတော့တောင် ချစ်နေရတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံက ပရိသတ်တွေကြားမှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။




 ဒီနေ့မှာတော့ ပိုင်တံခွန်က သူ့ရဲ့ Story မှာ "Have a Safe Trip. I'm also on trip" ဆိုပြီး တင်ထားတာကို တွေ့ရပါတယ်။ ပိုင်တံခွန်က သူ့ရဲ့ Crush လေးကို လမ်းခရီးမှာ အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပေးခဲ့တာ ဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့ Crush လေးကတော့ အားလုံးသိပြီးသားအတိုင်း ထိုင်းမင်းသမီးလေး Baifern ပဲ ဖြစ်ပါတယ်။ Baifern က ထိုင်းနိုင်ငံ ဖူးခတ်မြို့ကို အလုပ်ကိစ္စနဲ့ ခရီးထွက်နေရတာမို့ ပိုင်တံခွန်က လမ်းခရီးမှာ အဆင်ပြေစေဖို့ ဆုတောင်းပေးလိုက်တာ ဖြစ်ပါတယ်။
ပိုင်တံခွန်နဲ့ Baifern က ထိုင်းနိုင်ငံမှာ အနုပညာလုပ်ငန်းတွေကို အတူတူ တွဲဖက်လုပ်ကိုင်ဖူးတာဖြစ်ပြီး မနေ့ကလည်း သူတို့နှစ်ယောက် သရုပ်ဆောင်ထားတဲ့ ကြော်ငြာလေးတစ်ခု ထွက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ပိုင်တံခွန်ကတော့ Baifern ဘာလုပ်လုပ် အမြဲတမ်း သတိထား စောင့်ကြည့်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Crush မမကို စိတ်ပူပေးနေတဲ့ ပိုင်တံခွန်ကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Paing Tahkon's fb

POPULAR POSTS

ads