Breaking

Friday, October 18, 2019

အောင်လနဲ့ ဒေဝ(Dave) တို့ရဲ့ လက်မောင်းလှဲပွဲ ဗီဒီယိုဖိုင်

 မြန်မာ့ဂုဏ်ဆောင် ကချင်တိုင်းရင်းသား အောင်လအန်ဆန်းဟာ One Champion ပြိုင်ပွဲရဲ့ MMA ဖိုက်တာတစ်ဦးဖြစ်ပြီး လက်ရှိမှာ ဝိတ်တန်း ၂ ခုရဲ့ ချန်ပီယံခါးပတ်ကို ရရှိထားသူပဲ ဖြစ်ပါတယ်…သူဟာ မြန်မာပြည်သူတွေရဲ့ တစ်ခဲနက် ချစ်ခင်အားပေးမှုကို ရရှိထားသူပဲ ဖြစ်ပါတယ်…သူ့အကြောင်းကတော့ အထူးပြောစရာမလိုလောက်အောင် ပရိသတ်အားလုံးက သိထားကြတာပ




 
 ဒီလိုပဲ မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံဖြစ်တဲ့ ကနေဒါနိုင်ငံသား Dave Leduc ကို ပရိသတ်ကြီးတို့ သိကြမှာပါ သူဟာ ကနေဒါနိုင်ငံသားဖြစ်သော်လည်းပဲ မြန်မာလက်ဝှေ့ကို ချစ်မြတ်နိုးသလို မြန်မာပြည်ကိုလည်း ချစ်တာကြောင့် နာမည်ကိုတောင် “ဒေဝ” လို့ ပေးထားတာပါ…ဒါ့အပြင် ကမ္ဘာ့လက်ဝှေ့ ပြိုင်ပွဲဖြစ်တဲ့ WLC – World Lethwei Championship ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်ရာမှာလည်း မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ပြီး အနိုင်ရတဲ့အခါ မြန်မာအလံနဲ့သာ အောင်ပွဲခံသူပါ….ဒါကြောင့် ဒေဝဟာလည်းပဲ မြန်မာ့လက်ဝှေ့ ဝါသနာရှင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူပဲ ဖြစ်ပါတယ်

ဒီလို ပရိသတ်တွေအားလုံးကချစ်ခင်ကြတဲ့ အောင်လအန်ဆန်းနဲ့ ဒေဝတို့ဟာ အချင်းချင်းလည်း သူငယ်ချင်းမိတ်ဆွေလို ခင်မင်ရင်းနှီးကြသူတွေပဲ ဖြစ်ပါတယ အောင်လအန်ဆန်းဟာ ဂျပန်မှာ မထိုးသတ်ခင်မှာ ဒေဝနဲ့ အတူ လက်ဝှေ့လည်း လေ့ကျင့်ခဲ့ပါသေးတယခုအောက်မှာ ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်လေးကတော့ ပရိသတ်ကြီးတို့ရဲ့ အချစ်တော်တွေ ဖြစ်တဲ့ အောင်လအန်ဆန်းနဲ့ ဒေဝ(Dave) တို့ရဲ့ လက်မောင်းယှဉ်လှဲနေကြတဲ့ ဗီဒီယို ဖိုင်လေးပဲ ဖြစ်ပါတယ်… နောက်ဆုံးအဖြေရလဒ်က ဘယ်လို ဖြစ်သွားလဲဆိုတာကတော့ ဗီဒီယိုလေးကို နှိပ်ကြည့်လိုက်ပါနော်

POPULAR POSTS

ads