Breaking

Sunday, October 13, 2019

EDM ပွဲတွေကျ သွားကဲနေပြီး သက်ကြီးပူဇော်ပွဲမလာတဲ့သူတွေကို ဒဲ့ပြောလိုက်တဲ့ သားညီ

 သရုပ်ဆောင်တစ်ဦးအနေနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝရရှိထားတဲ့ သရုပ်ဆောင် သားညီကတော့ လက်ရှိမှာ ဒါရိုက်တာတစ်ဦးအနေနဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ပုံဖော်ဖန်တီးနေတဲ့ အနုပညာရှင် ဖြစ်နေပါပြီ။ အနုပညာကို ချစ်မြတ်နိုးလွန်းတဲ့ သားညီကတော့ လတ်တလောမှာ EDM ပွဲတွေ၊ ရှိုးပွဲတွေကျ သွားကဲနေကြပြီး၊ ဒီနေ့ ရုပ်ရှင်သက်ကြီးပူဇော်ပွဲကိုကျတော့ ရောက်မလာတဲ့သူတွေကို စိတ်တိုလွန်းစွာ ဒဲ့ပြောလိုက်တာ တွေ့ရပါတယ်။ အနုပညာအသိုင်းအဝန်းကို အပေါ်ယံပဲ တန်ဖိုးထားချင်ယောင်ဆောင်နေကြတဲ့သူတွေကိုတော့ သားညီတစ်ယောက် တော်တော်လေး စိတ်တိုနေတာ တွေ့ရပါတယ်။


 သားညီကတော့ "သက်ကြီးပူဇော်ပွဲဆိုတာ ဖိတ်မှလာရတဲ့ ပွဲမျိုးမှ မဟုတ်တာ ကိုယ့်ကိုကိုယ် ရုပ်ရှင်လောကသားတစ်ယောက်လို့ ခံယူထားရင် October 13 ဟာ ဘာနေ့လဲဆိုတာတော့သိသင့်တယ် ထင်တာပဲ ...ခရီးသွားနေကြလို့ မရောက်လာနိုင်တဲ့ သူတွေကိုတော့မပြောလိုပါဘူး ဒါပေမယ့် EDM ပွဲတွေ စတိတ်ရှိုးတွေ မှာကြ ဖလန်း ဖလန်းတွေသွားထနေကြပြီး ကိုယ့်ရုပ်ရှင်ရဲ့ သက်ကြီးပူဇော်ပွဲကိုကျ ရာက်မလာတဲ့သူတွေကို အံ့သြတယ် ...အင်တာဗျူးတွေကြရင်တော့ အနုပညာရှင်ဆိုတာကို ပါးစပ်ဖျားကမချဘူး ...အဲ့လိုလူတွေကိုတော့ ဒဲ့ကို ကြည့်မရဘူး ...မုန်းလည်း Block သာသွားကြတော့ .. သားညီ ..." ဆိုပြီး တစ်ချို့သော အနုပညာရှင်တွေကို စိတ်တိုလွန်းစွာ ရေးသားထားတာပါ။

သရုပ်ဆောင်တစ်ဦးအနေနဲ့သာမက ဒါရိုက်တာတစ်ဦးအနေနဲ့ပါ အောင်မြင်နေတဲ့ သားညီကတော့ လတ်တလောမှာ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ သားညီကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေကလည်း အောင်မြင်မှုတွေ များစွာ ရရှိထားတာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း သဘောမကျတာမြင်ရင် မြိုသိပ်မထားပဲ ဒဲ့ပြောတတ်တဲ့ သားညီရဲ့စိတ်ဓါတ်လေးကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Thar Nyi's Facebook

POPULAR POSTS

ads