မြန်မာ့ဂုဏ်ဆောင်ကြက်တောင်မယ်လေး သက်ထားသူဇာကတော့ မြန်မာတွေရဲ့ဂုဏ်ကို ထပ်မံဆောင်သွားနိုင်ခဲ့ပြန်ပါပြီ။ သက်ထားသူဇာဟာ အီဂျစ်နိုင်ငံမှာ ကျင်းပပြုလုပ်လျက်ရှိနေတဲ့ Egypt International 2019 နောက်ဆုံးဗိုလ်လုပွဲကြီးမှာ ဝေးစ်လ်ကြက်တောင်မယ် ဂျော်ဒန်ဟတ်ကို အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုကြီးကို ကာကွယ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
သက်ထားသူဇာဟာ ဂျော်ဒန်ဟတ်ကို ၂၁-၆၊ ၁၁-၁ တို့နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဒုတိယပွဲငယ်မှာတော့ ဂျော်ဒန်ဟတ်က ဒဏ်ရာကြောင့် အရှုံးပေးသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲရဲ့ အင်အားအကောင်းဆုံး ပြိုင်ပွဲဝင်နှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုဖြစ်လို့ ပွဲဟာအကြိတ်အနယ်ရှိပြီး ကြည့်ကောင်းခဲ့ပါတယ်။
သက်ထားသူဇာဟာ လက်ရှိကျင်းပနေတဲ့ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်တာကြောင့် ချန်ပီယံဘွဲ့ကာကွယ်နိုင်သူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒါဟာ သက်ထားသူဇာအတွက်တော့ ပြိုင်ပွဲတစ်ခုကို ပထမဆုံးအကြိမ် (၂) နှစ်ဆက်ဗိုလ်စွဲခြင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ဒါ့အပြင် သက်ထားသူဇာ အခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ တခြားပြိုင်ပွဲ (၅) ခုမှာလည်း ဗိုလ်စွဲထားနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ ဒါကြောင့် သက်ထားသူဇာကတော့ မြန်မာတွေရဲ့ဂုဏ်ကို ဆောင်ပြီးရင် ဆောင်နေတယ်လို့ပဲ ဆိုရမှာပါ။Oz11(မိုမိုလေး)
Sunday, October 20, 2019
Home
/
Celebrity
/
Egypt International 2019 ပြိုင်ပွဲမှာ ချန်ပီယံဆုကြီးကို ကာကွယ်သွားနိုင်ခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင်သက်ထားသူဇာ
Egypt International 2019 ပြိုင်ပွဲမှာ ချန်ပီယံဆုကြီးကို ကာကွယ်သွားနိုင်ခဲ့တဲ့ မြန်မာ့ဂုဏ်ဆောင်သက်ထားသူဇာ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity