နိုင်ငံကျော်မင်းသမီးချောလေး ဝတ်မှုံရွှေရည်က အနုပညာလောကထဲမှာ ဆယ်စုနှစ်တစ်ခုတိုင် အောင်မြင်မှုတွေများစွာ ဆွတ်ခူးရရှိထားတာ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က ငယ်စဉ်ကတည်းက အခုချိန်ထိတိုင် အောင်မြင်မှု အရှိန်အဟုန် တိုးလာပြီး အားပေးသူ ပရိသတ်လည်း တစ်နေ့တစ်ခြား တိုးပွားလာတာ ဖြစ်ပါတယ်။
ဝတ်မှုံရွှေရည်ကို အင်မတန်ချစ်ကြတဲ့ ပရိသတ်တွေက ဒီကနေ့ သီတင်းကျွတ်လပြည့်နေ့မှာ ဝတ်မှုံရွှေရည်ရှိရာ သက်ကြီးအနုပညာရှင်ပွဲဆီကို လာရောက်ကန်တော့ခဲ့ကြတယ်လို့ သိရပါတယ်။ဝတ်မှုံရွှေရည်က "ဒီနေ့ သက်ကြီးပူဇော်ပွဲမှာ ကစ်ရဲ့ fans တွေက အတင်းလာကန်တော့သွားလေရဲ့..ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ကြည်နူးပီးဆုတွေ တစ်ပုံ ကြီးပေးလိုက်တယ် 😬😘😘❤️" ဆိုပြီး မျှဝေထားပါတယ်။
ချစ်စရာကောင်းပြီး လိမ္မာလွန်းတဲ့ ပရိသတ်တွေကြောင့် ဝတ်မှုံရွှေရည်ခမျာ တော်တော်လေး အံ့အားသင့် ပျော်ရွှင်ကြည်နူးခဲ့ရတာပဲ ဖြစ်ပါတယ်။ဝတ်မှုံရွှေရည်ကတော့ သူမကို ချစ်ပြီး ဂရုစိုက်လွန်းတဲ့ ပရိသတ်တွေကြောင့် သီတင်းကျွတ်နေ့လေးကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်ကြီးလည်း သီတင်းကျွတ်လပြည့်နေ့လေးကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Rowena
Source: Wutt Hmone Shwe Yi's fb
Sunday, October 13, 2019
Home
/
Celebrity
/
အတင်းလာကန်တော့သွားတဲ့ fan တွေကြောင့် လှိုက်လှိုက်လှဲလှဲပီတိဖြစ်ရတယ်ဆိုတဲ့ ဝတ်မှုံရွှေရည်
အတင်းလာကန်တော့သွားတဲ့ fan တွေကြောင့် လှိုက်လှိုက်လှဲလှဲပီတိဖြစ်ရတယ်ဆိုတဲ့ ဝတ်မှုံရွှေရည်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity