ပရိသတ်တွေ နှစ်စဉ်နှစ်တိုင်း ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရှုခဲ့ရတဲ့ Myanmar Idol ပြိုင်ပွဲကြီးက ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးက အခုဆိုရင် Season 4 ကို ရောက်ရှိနေပြီဖြစ်ပြီး အနယ်နယ်အရပ်ရပ်က ဂီတဝါသနာရှင် ပြိုင်ပွဲဝင်တွေကလည်း တဖွဲဖွဲ လာရောက်ယှဉ်ပြိုင်ကြတာကို တွေ့မြင်ရပါတယ်။မိုမိုလေးပရိသတ်တွေအတွက် Four In One အဖွဲ့ရဲ့ သီဆိုယှဉ်ပြိုင်မှုကို မျှဝေပေးလိုက်ပါတယ်နော်။
MM Idol ပြိုင်ပွဲကြီးက တစ်ယောက်ချင်းစီ လူရွေးချယ်ပွဲပြီးတဲ့နောက်မှာတော့ လေးယောက်တစ်ဖွဲ့စီနဲ့ ယှဉ်ပြိုင်နေကြတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ညရဲ့ အဖွဲ့လိုက်ယှဉ်ပြိုင်မှုမှာတော့ Four In One အဖွဲ့ကတော့ ဒိုင်တွေရဲ့ စိတ်အာရုံကို ဖမ်းစားထားနိုင်ခဲ့တာကို တွေ့ရပါတယ်။
Four In One အဖွဲ့မှာ Brown၊ Benjamin Sum၊ ထက်အဉ္ဇလီ၊ အေးမြဖြူတို့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ Four In One အဖွဲ့က ချမ်းချမ်းနဲ့ ရေမွန်တို့ သီဆိုထားတဲ့ "မင်းရဲ့အရိပ်ကလေး" သီချင်းလေးနဲ့ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
Four In One အဖွဲ့ကတော့ ဒိုင်တွေဆီက မှတ်ချက်ကောင်းတွေကို ရယူရင်း နောက်တစ်ဆင့်ကို လေးယောက်စလုံး တက်လှမ်းသွားခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း Four In One အဖွဲ့မှ Brown၊ Benjamin Sum၊ ထက်အဉ္ဇလီ၊ အေးမြဖြူတို့ကို ဆက်ပြီး အားပေးကြပါဦးနော်။
Rowena
Source: Myanmar Idol
Friday, October 18, 2019
Home
/
Celebrity
/
"မင်းရဲ့အရိပ်ကလေး" သီချင်းနဲ့ မြူးမြူးကြွကြွ သီဆိုခဲ့ပြီး ဒိုင်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ Four In One အဖွဲ့
"မင်းရဲ့အရိပ်ကလေး" သီချင်းနဲ့ မြူးမြူးကြွကြွ သီဆိုခဲ့ပြီး ဒိုင်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ Four In One အဖွဲ့
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity