အနုပညာမှာ ထူးချွန်လွန်းလို့ နှစ်ပေါင်းများစွာတိုင်အောင် နာမည်တစ်လုံးနဲ့ ရပ်တည်လာခဲ့တဲ့ သရုပ်ဆောင် ခင်လှိုင်ကတော့ မိသားစုအပေါ်မှာလည်း တာဝန်ကျေတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ဆိုလည်း မမှားပါဘူး။ လတ်တလောမှာတော့ ခင်လှိုင်က သူအရမ်းလိုချင်နေတဲ့ နောက်ဆုံးပေါ် i phone ကို ချစ်ရတဲ့ မိသားစုက သီတင်းကျွတ်ကန်တော့ခဲ့လို့ အရမ်းပျော်နေတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ခင်လှိုင့်ကို အရမ်းချစ်ကြတဲ့ သူတို့ မိသားစုလေးရဲ့ပုံရိပ်တွေကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။
ခင်လှိုင်ကတော့ "ကျွန်တော်အရမ်းချစ်တဲ့ မိသားစုက သီတင်းကျွတ် အထိမ်းအမှတ် ကို မထင်မှတ်ထားပဲ အရမ်းလို ချင်နေ တဲ့ ဖုန်းနဲ့ surprise လုပ်ပြီး ကန်တော့ကြလို့ အရမ်းပျော်မိပါတယ်........ ဖုန်းဝယ်လို့ လက်ဆောင်တွေအများကြီး ထည့်ပေးတဲ့ Super Mobile MANDALAY က ကိုဆန်းမြင့်အောင်နဲ့ မကြည်ပြာ တို့ကို လည်း ကျေးဇူးတင်ပါတယ်.......... ❤️❤️❤️📱☺️☺️☺️" ဆိုပြီး အလိုက်သိတဲ့ မိသားစုကြောင့် ပျော်ရွှင်ကြည်နူးရတဲ့ အကြောင်းကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ချစ်ရတဲ့ မိသားစုကြောင့် ပီတိတွေ ဖြာနေတဲ့ ခင်လှိုင်ရဲ့အပြုံး...။
လတ်တလောမှာတော့ ခင်လှိုင်က သူကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ ခင်လှိုင်ရဲ့သားနဲ့သမီးကလည်း အဖေနဲ့တူလို့ အနုပညာအလုပ်တွေလုပ်နေတာဖြစ်ပြီး၊ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကို ချစ်ဖို့ကောင်းတဲ့ မိသားစုလေးကြောင့် ပျော်နေတဲ့ ခင်လှိုင်ကို သဘောကျရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Khin Hlaing's Facebook
Sunday, October 20, 2019
Home
/
Celebrity
/
ချစ်ရတဲ့ မိသားစုက နောက်ဆုံးပေါ် i phone နဲ့ သီတင်းကျွတ်ကန်တော့လို့ ပျော်နေတဲ့ ခင်လှိုင်
ချစ်ရတဲ့ မိသားစုက နောက်ဆုံးပေါ် i phone နဲ့ သီတင်းကျွတ်ကန်တော့လို့ ပျော်နေတဲ့ ခင်လှိုင်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity