အဆိုတော် ရေမွန်ပါဝင်တဲ့ Idiots အဖွဲ့ဟာ rock သီချင်းအလန်းစားတွေနဲ့ ပရိသတ်ကို အမြဲမိတ်ဆက်ပေးနေတာဖြစ်ပြီး Idiots အဖွဲ့ရဲ့ သီချင်းတွေသံစဉ်တွေ၊ အကောင်းဆုံးစာသားတွေကလည်း ပရိသတ်ရင်ထဲကိုအမြဲနေရာယူနေတာဖြစ်ပါတယ်။ Idiots အဖွဲ့ရဲ့ ပင်တိုင်အဆိုတော် ဖြစ်တဲ့ ရေမွန်ဟာလည်း ပရိသတ်များစွာရဲ့အားပေးမှု ရရှိထားသူဖြစ်ပါတယ်။
ရေမွန် ဟာအင်ယားလိတ်ခ် ဟိုတယ် Sport Bar မှာ သင်ဇာဝင့်ကျော်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး Sport Bar member card အတွက်ကျေးဇူးတင်ကြောင်းနဲ့ သင်ဇာဝင့်ကျော်နဲ့ အတူတူ ဓာတ်ပုံတွဲရိုက်ရင်း BFF Gathering ဆိုပြီး ပုံအချို့ကို သူရဲ့ Raymond Idiots ပေ့ခ်ျကနေတစ်ဆင့် မျှဝေခဲ့ပါတယ်။
ပုရိသတို့ရဲ့ အသဲစွဲ မင်းသမီး တစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကလည်း သူမရဲ့ ဖေ့ဘုတ်အကောင့်ကနေမှတစ်ဆင့် ရေမွန်နဲ့ တွဲရိုက်ထားတဲ့ ပုံတွေ မျှဝေခဲ့ပြီး 'မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းနဲ့ တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်'ဆိုပြီး ပြောပြခဲ့ပါတယ်။
ရေမွန်ရဲ့ Idiots bandဟာလည်း နဲ့ လက်ရှိမှာ ဆက်တိုက်ဆိုသလို ရှိုးပွဲပေါင်းများစွာကို သီဆိုဖျော်ဖြေနေပြီး နိုဝင်ဘာ ၁ရက်နေ့ တောင်ကြီးမှာ ကျင်းပမယ့် TGIF ပွဲမှာလည်း နာမည်ကြီး rock band တွေဖြစ်တဲ့ Etenal Gosh, Extant, Out of the Rule, ဖိုးပြည့်တို့နဲ့ အတူပါဝင်ဖျော်ဖြေမှာလည်းဖြစ်ပါတယ်။မိုမိုလေးပရိသတ်တွေရော Idiots ရဲ့ သီချင်းတွေကို ကြိုက်ရင် Like and Share လုပ်သွားဖို့မမေ့ပါနဲ့အုံးနော်။ အဆုံးထိဖတ်ရှုပေးတဲ့ အတွက်မိုမိုလေးမှ ကျေးဇူးတင်ရှိပါတယ်။
Ref: Raymond Idiots
LeoThT
Wednesday, October 30, 2019
Home
/
Celebrity
/
ဟောလိုးဝင်းပါတီမှာ သူငယ်ချင်းဖြစ်သူ သင်ဇာဝင့်ကျော်နဲ့ အတူတူဆုံခဲ့တဲ့ Idiots အဖွဲ့ဝင် ရေမွန်
ဟောလိုးဝင်းပါတီမှာ သူငယ်ချင်းဖြစ်သူ သင်ဇာဝင့်ကျော်နဲ့ အတူတူဆုံခဲ့တဲ့ Idiots အဖွဲ့ဝင် ရေမွန်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity