သူမနာမည်ကတော့ Andrea Vasile ပါတဲ့။ Instagram account ကတော့ andreaabeli ဆိုတဲ့နမည်နဲ့သုံးပေမယ့်လို့ account ကိုတော့ ဓာတ်ပုံရောင်းစားသူများပီပီ လူတိုင်းဝင်ကြည့်မလို့မရအောင် ပိတ်ချထားပါတယ်။ သိရသလောက်တော့ Andrea Vasile ဟာ Instagram post တစ်ခုကို ဒေါ်လာ ၇၅၀ မှ ၇,၅၀၀ အထိ ရတတ်ပါတယ်တဲ့။ ပုံတွေကတော့ များသောအားဖြင့် လိင်စိတ်နှိုးဆွတယ်လို့ ယူဆလို့ရတဲ့ တင်အသားပေးပုံတွေ၊ ကောက်ကြောင်းတွေအတိုင်းသားပေါ်နေတဲ့ တုတ်တုတ်ခိုင်ခိုင်ခန္ဓာကိုယ်ထင်းနေအောင် ပိုစ့်ပေးပြီး ရိုက်ထားပုံတွေချည်းပါပဲ။
အသက် ၃၅ နှစ်ရှိနေပြီဖြစ်တဲ့ ရိုမေးနီးယန်းသူလေးဟာ သူမအနေနဲ့ ဒီလိုခန္ဓာကိုယ်ဖြစ်လာဖို့အတွက် ခွဲစိတ်ပြုပြင်မှုတွေ အကြိမ်ကြိမ်လုပ်ခဲ့ရပါတယ်ဆိုပြီးလည်း ပွင့်ပွင့်လင်းလင်းအမြဲတမ်းပြောပြတတ်သူလေးပါ။ Instagram စသုံးပြီး ၂ နှစ်အတွင်းမှာတင် follower ပေါင်း ၃.၁ တောင်ရအောင်လုပ်နိုင်ခဲ့ပြီး အခုဆိုရင်တော့ တစ်နှစ်စာဝင်ငွေဟာ အနည်းဆုံးဒေါ်လာ ၂.၂ မီလီယံတောင် ရှိနေပါပြီတဲ့။
ဒီလို influencer အဖြစ်လုပ်ကိုင်ခဲ့ပြီးမှ သူမအနေနဲ့ Instagram မှာ စီးပွားရေးဘယ်လိုလုပ်ရမယ်၊ follower တွေ အများကြီးရအောင် ဘယ်လိုမျိုးအမြန်ဆုံးနည်းလမ်းနဲ့ရှာဖွေရမယ်၊ influencer အနေနဲ့ရပ်တည်ပြီး ဘယ်လိုဝင်ငွေရအောင်လုပ်ရမယ်ဆိုတာတွေကို ထဲထဲဝင်ဝင် သိလာခဲ့ပါတယ်။ ဒီဗဟုသုတတွေကိုပဲ အသုံးချကာ အခုဆိုရင်တော့ Andrea Vasile ဟာ marketing ကုမ္ပဏီလေးတစ်ခုကိုလည်း ဖွင့်ထားခဲ့ပါပြီတဲ့။ သူမကုမ္ပဏီကနေပြီး အဓိကကတော့ influencer ဖြစ်ချင်တဲ့ တက်သစ်စလေးတွေကို လမ်းကြောင်းပြအကြံပေးတာမျိုးတွေကို လုပ်ကိုင်ပေးနေပြီး ကြောငြာတချို့ကိုလည်း လက်ခံနေပါတယ်တဲ့။