Breaking

Sunday, October 20, 2019

ဒီနေ့လေးမှာပဲ အသက်(၂၁)နှစ်ပြည့်သွားပြီဖြစ်တဲ့ Liam လေးရဲ့မေမေ ယွန်းဝတီလွင်မိုး

 မင်းသားကြီးလွင်မိုးရဲ့ သမီးကြီးဖြစ်သူ ယွန်းဝတီလွင်မိုးက အဖေဖြစ်သူရဲ့ အနုပညာသွေးအပြည့်ပါသူဖြစ်ပြီး ငယ်စဉ်ကတည်းက ကြော်ငြာတွေရိုက်ကူးခဲ့သူလေး ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား ပိုပြီး လှသွေးကြွယ်လာတဲ့ ယွန်းဝတီလွင်မိုးကို ပရိသတ်တွေကလည်း ချစ်ခင်အားပေးကြတာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ယွန်းဝတီလွင်မိုးက အိမ်ထောင်ကျပြီး သူမရဲ့ ကိုယ်ပိုင်မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။


 ဒီကနေ့ အောက်တိုဘာလ (၂၁) ရက်နေ့ကတော့ ချစ်စရာကောင်းတဲ့ မိန်းမချောလေး ယွန်းဝတီလွင်မိုးရဲ့ အသက် (၂၁) နှစ် ပြည့်သွားတဲ့ မွေးနေ့မင်္ဂလာရက်မြတ်လေးပဲ ဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးက ခင်ပွန်းဖြစ်သူ ကိုထက်ဦးလှိုင်နဲ့ (၂၀၁၈) ခုနှစ်မှာ လက်ထပ်ခဲ့ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သားသားလေး လွင်ထက် @ Liam လေးကို မွေးဖွေးထားတဲ့ မိခင်တစ်ယောက် ဖြစ်နေပါပြီင်္။

ယွန်းဝတီလွင်မိုးက လက်ရှိမှာတော့ ခင်ပွန်းဖြစ်သူနဲ့အတူတူ သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပညာသင်ကြားနေတာဖြစ်ပြီး သုံးလတစ်ခါဆိုသလို မြန်မာပြည်ကို ပြန်လာပြီး သားလေးနဲ့ အချိန်ကုန်ဆုံးလျက် ရှိပါတယ်။ယွန်းဝတီလွင်မိုးကတော့ အသက် (၂၁) နှစ်ကိုပြည့်သွားပြီဖြစ်တဲ့ ကလေးမေမေတစ်ယောက်ဖြစ်ပေမယ့် ပရိသတ်တွေကတော့ ဒီနေ့ဒီအချိန်ထိ အားပေးနေဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ယွန်းဝတီလွင်မိုးအတွက် မွေးနေ့ဆုတောင်းစကားလေး ပြောခဲ့ကြပါဦးနော်။

Rowena

POPULAR POSTS

ads