မြန်မာနိုင်ငံက အမျိုးသမီးထုတွေ အားကျချစ်ခင်ရတဲ့ မော်ဒယ်သန္တာလှိုင်ကတော့ ကျန်းမာရေးလိုက်စားပြီး ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားတာပါ။ သူမကတော့ လက်ရှိမှာ ချစ်ရတဲ့ခင်ပွန်းသည်နဲ့အတူ ကလေးတွေကိုပြုစုစောင့်ရှောက်ရင်း ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ သန္တာလှိုင် က The Model Academy နဲ့ ပက်သက်ပြီး ဇင်အောင် နဲ့ သူမ တို့ဆက်ဆံရေးအကြောင်းပြောပြထားတာကို မိုမိုလေး ပရိသတ်တွေမတွက် ဖော်ပြပေးလိုက်ပါတယ်။
The Model Academy အစီအစဉ်ဟာဆိုရင်ပရိသတ်တွေ စောင့်ကြည့်အားပေးရတဲ့ အစီအစဉ်တစ်ခုပါ။ ဒိုင်တွေဖြစ်တဲ့ မိုးကုတ်ပေါက်ပေါက်၊ ဓာတ်ပုံပီတာ၊ ဇင်အောင်နဲ့ သန္တာလှိုင်တို့ကလည်း ပြီးပြည့်စုံတဲ့ စူပါမော်ဒယ်ကောင်းတစ်ဦး ပေါ်ထွက်လာဖို့ နည်းစနစ်ကျကျ ကြပ်မတ်ပေးနေတာတွေ့ရပါတယ်။
လက်ရှိမှာ သမီးရည်းစားမဟုတ်ပဲ သမီးရည်းစားဆက်ဆံရေးမျိုးနေထိုင်ကြတဲ့ ပြိုင်ပွဲဝင်နှစ်ဦးကြောင့် အရမ်းကို ဂယက်နေတာပါ။ The Model Academy အစီအစဉ်ကလည်း TV Show ဖြစ်တာကြောင့် CCTV မှာ ရိုက်ထားတဲ့အရာမှန်သမျှချပြချပြလေ့ရှိတဲ့ အစီအစဉ်တစ်ခုဖြစ်တာမို့ လက်ရှိဂယက်ထနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သန္တာလှိုင်က ခုလိုပြောထားပါတယ်။
"ဇင်အောင် က ဒီShow တစ်ခုလုံးကို သူလုပ်ထားတာဖြစ်ပြီး သူချပြတာဖြစ်တဲ့အတွက် ပရိသတ်တွေသူ့ကို မုန်းသည်ဖြစ်စေချစ်သည်ဖြစ်စေ ကြိုးကိုင်သူက သူဖြစ်တဲ့အတွက် ဒီ TV Show အောင်မြင်မှုအတွက် အစ်မက သူ့ကို ချီးကျူးနေမှာပဲ ။ အစ်မတို့နှစ်ယောက်ကတော့ မြင်တဲ့ အတိုင်းပဲ အမြဲတမ်း ရန်ဖြစ်လိုက်တည့်လိုက်ပေါ့။ ဒီဘက်ခေတ်အချစ်ရေးနဲ့ပတ်သက်ပြီး မနေ့က TV Show ကြည့်ပြီး အစ်မတော်တော် ဒိတ်အောက်နေပြီဆိုတော့သိလိုက်ရတယ် ။ယောကျာ်းထုကြီးကို ပြောချင်တာက ကိုယ်လုပ်တဲ့အရာတစ်ခုကို လုပ်ရဲရင်ခံရဲရမယ် တာဝန်ယူရဲရမယ် "ဆိုပြီးပြောထားပါတယ်။
The Model Academy နဲ့ ပက်သက်ပြီး ဇင်အောင် နဲ့ သူမ တို့ဆက်ဆံရေးအကြောင်းပြောပြထားတဲ့ သန္တာလှိုင် ရဲ့ အင်တာဗျူးကို သိရလောက်ပြီထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Moekalay
Source;momolay TV
Monday, October 21, 2019
Home
/
Celebrity
/
လက်ရှိနာမည်ကြီးနေတဲ့ The Model Academy နဲ့ ပက်သက်ပြီး ဇင်အောင် နဲ့ သူမ တို့ဆက်ဆံရေး ပြောလာတဲ့ သန္တာလှိုင်
လက်ရှိနာမည်ကြီးနေတဲ့ The Model Academy နဲ့ ပက်သက်ပြီး ဇင်အောင် နဲ့ သူမ တို့ဆက်ဆံရေး ပြောလာတဲ့ သန္တာလှိုင်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity