Breaking

Sunday, October 27, 2019

Music Video ထွက်ရှိလာတဲ့အချိန်မှာ ပရိသတ်မထင်မှတ်ထားလောက်အောင်ကောင်းမွန်နေတဲ့ မိုးရာသီအလွမ်း

 လူသိပ်မသိသေးတဲ့ဝါသနာရှင်လေးတွေဟာ ခပ်ဆန်းဆန်းအိုင်ဒီယာတွေနဲ့ မိုးရာသီအလွမ်း ဆိုတဲ့ သီချင်းလေးကိုဖန်တီးခဲ့ပါတယ်။ဒီသီချင်းပိုင်ရှင်တွေဖြစ်တဲ့ Rap ကျားကြီးနဲ့ MC ကယားလေးတို့ကိုသိကြမှာပါ။ဒီသီချင်းထဲက ပရူ…ပရူ…ပရူ ဆိုတဲ့ သီချင်းစာသားလေးကလည်း ပရိသတ်တွေကြားရေပန်းစားခဲ့ပါတယ်။


 လူငယ်ဝါသနာရှင်လေးတွေကို မြေတောင်မြှောက်ပေးဖို့လုပ်ခဲ့သူကတော့ ယုန်လေးဖြစ်ပါတယ်။ယုန်လေးဟာပရိသတ်အကြိုက်တွေ့စေတဲ့သီချင်းလေးတွေကိုထွက်ရှိခဲ့ယုံသာမက ဒါရိုက်တာတစ်ယောက်အဖြစ်ပရိသတ်အခိုင်အမာရရှိနေပါပြီ။အခုဆိုရင် ဒါရိုက်တာကြီးယုန်လေးရဲ့လက်စွမ်းပြမှုတွေနဲ့အတူ Music Video လေးထွက်ရှိလာပါပြီ။
ပရိသတ်တွေသိပြီးသားဖြစ်တဲ့ ဒီသီချင်းလေးက အနည်းငယ်ပြောင်းလဲသွားတာလေးကလွဲရင် ပါဝင်ထားတဲ့သူတွေက သရုပ်ဆောင်တွေပီပြင်စွာနဲ့မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်နေတာပါ။ပရိသတ်တွေကတော့ စိတ်ဝင်တစားနဲ့ကြည့်ရှူကြပြီး သဘောကျနှစ်ခြိုက်နေမကြတာပါ။စတိုင်အသစ်နဲ့ပရိသတ်တွေဆီရောက်လာတဲ့ မိုးရာသီအလွမ်း Music Video လေးကိုပြန်လည်မျှဝေလိုက်ပါတယ်။ကြည့်ရှူခံစားကြည့်ပါဦး….။

Source : Original Gangster
Moe – Cele Gabar

POPULAR POSTS

ads