Breaking

Friday, October 4, 2019

My Day မှာပါ စာတွေအတူတူတင်ထားကြတဲ့ ထွန်းထွန်းတို့ ချစ်သူနှစ်ဦး

 ထွန်းထွန်းရဲ့ My Day ကို နေရာယူထားသူလေးကတော့ သူ့ရဲ့ချစ်သူလေး Sam Dara ပဲ ဖြစ်ပါတယ်။ အချိန်ရှိတိုင်း ချစ်သူလေးကို လွမ်းကြောင်းနဲ့ အရမ်းချစ်တဲ့အကြောင်းတွေ မကြာခဏ ဆိုသလို တင်လေ့ရှိပါတယ်။ လေယာဉ်မယ်လေးရဲ့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေဟာလည်း ထွန်းထွန်းရဲ့နှလုံးသားကို အရည်ပျော်ကျသွားလောက်အောင် စွမ်းဆောင်နိုင်ပါရဲ့ ပရိသတ်ကြီးရေ။ ချစ်ဖို့အရမ်းကောင်းတဲ့ ချစ်သူလေးက နားလည်မှုလဲအပြည့်ရှိတာကြောင့် ထွန်းထွန်းကတော့ ဒီအချစ်ရေးလေး မှာ အရမ်းကို စိတ်ချမ်းသာနေရတယ်လို့ဆိုပါတယ်။

 သိပ်ချစ်တတ်တဲ့ထွန်းထွန်းရဲ့အချစ်ကိုပိုင်ဆိုင်ထားတဲ့ ချစ်သူလေးကလည်း တကယ့်ကိုကံကောင်းသူ လေးပါပဲနော်။ နှစ်ယောက် သားက နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်ပြီး တစ်ယောက်နဲ့တစ်ယောက်လည်း သိပ်ချစ်ကြတဲ့ချစ်သူတွေဖြစ်တာမို့ ပရိသတ်တွေက လည်း သဘောတူပြီး အားကျနေခဲ့ရတဲ့ Couple လေးပါပဲ။ ဒီနေ့မှာတော့ နှစ်ယောက်သား My Day မှာ စာလေးတွေဆင်တူ တင်ထားကြပြီး ချစ်သက်သေပြခဲ့တာပဲဖြစ်ပါတယ်။

ထွန်းထွန်းနဲ့ Ra Ra ဆိုတဲ့ အဓိပါ္ပယ်လေးနဲ့ ” TTRR ” ဆိုပြီး ရေးသားခဲ့တာပဲဖြစ်ပါတယ်။ မျက်စိအောက်ကပျောက်မခံနိုင်အောင် ချစ်ပြီး နည်းနည်းလေးဝေးတာနဲ့ လွမ်းရတဲ့အထိကို အမြတ်တနိုးချစ်ရတဲ့ချစ်သူလေးမို့ ထွန်းထွန်းကတော့ အရမ်းကိုတန်ဖိုးထားပြီး ချစ်လွန်းပါတယ်။ အပြန်အလှန်ခိုင်မြဲတဲ့ ချစ်ခြင်းမေတ္တာတွေ နှစ်တစ်ရာတိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်။Photo – Htun Aung Tun / Sam Dara
Happy – Cele Gabar

POPULAR POSTS

ads