ပဲခူးတိုင်းဒေသကြီး၊ဒိုက်ဦးမြို့ကနေ လာရောက်ယှဉ်ပြိုင်တဲ့ ခင်ရတနာစိုးကတော့ မြန်မာအသံရော၊ခေတ်ပေါ်သီချင်းတွေကိုပါ အသက်အရွယ်နဲ့မလိုက်အောင် ပိုင်နိုင်စွာဆိုတတ်တဲ့ သူပဲဖြစ်ပါတယ်။သူကတော့ ဆိုင်းထောင်ထားပြီး ကိုယ်တိုင်ဆိုင်းတီးပြီး အငြိမ့်လည်းကတတ်တဲ့ အငြိမ့်မင်းသမီးလေးလည်းဖြစ်ပြီး ဆိုကရေးတီးမှာဆုရဖူးတဲ့ မိခင်ဖြစ်သူရဲ့ သင်ကြားပေးမှုတွေကြောင့်လည်း အဆိုပိုင်းကတော့ ပြောစရာမလိုအောင် တော်လွန်းလှပါတယ်။
Myanmar Idol သီချင်းဆိုပြိုင်ပွဲကတော့ မြန်မာနိုင်ငံရဲ့ နာမည်အကြီးဆုံး အဆိုပြိုင်ပွဲပါ။ဒီပြိုင်ပွဲကတော့ ပရိ သတ်တွေ ကို ပြိုင်ပွဲရဲ့ အစအလယ်အဆုံး နောက်ဆုံး အချိန်ထိ ဆွဲခေါ်သွားနိုင်တဲ့ အဆိုပြိုင်ပွဲပါ။အခုလက်ရှိမှာတော့ တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ပြိုင်ပွဲဝင်တွေကို လိုက်လံ ရွေးချယ်တဲ့ ပုံရိပ်တွေကို ထုတ်လွှင့်ပြသနေ တာပါ။ သူ့ထက် ငါ ပိုကောင်းတဲ့ ပြိုင်ပွဲဝင်တွေကလည်း တစ်ပတ်ပြီး တစ်ပတ် ထွက်ပေါ် လျက်ရှိပါတယ်။
သူကတော့ Myanmar Idol ပြိုင်ပွဲကြီးမှာ လာရောက်ယှဉ်မပြိုင်ခင်ကတည်းက ပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပြီး မွန်ပြည်နယ်ရေဘေးအတွက် ဂီတနဲ့လုပ်အားပေးရင်း ခိုင်သဇင်ရဲ့”ခွင့်လွှတ်ပေးဖို့တောင်ဆိုချင်တယ်” ဆိုတဲ့ သီချင်းသီဆိုခဲ့တဲ့ ဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေအကြား ရေပန်းစားခဲ့ပါသေးတယ်။ခင်ရတနာစိုးကတော့ Judge Auditions မှာ နီနီခင်ဇော်ရဲ့ “စိုးရိမ်ချစ်” ကိုကိုယ်ပိုင်ဟန်လေးနဲ့ သီဆိုထားပြီး ဒိုင်တွေရဲ့တောင်းဆိုမှုကြောင့် မြန်မာသံသီချင်းတစ်ပုဒ် သီဆိုပြခဲ့ပြီး Golden Ticket ရရှိခဲ့ပါတယ်။
လက်ရှိမှာတော့ ခင်ရတနာစိုးတစ်ယောက် ပွဲတစ်ခုမှာ ဆိုင်းအဖွဲကအတူ တီးခတ်ထားတဲ့ ဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေအကြား ရေပန်းစားနေပါတယ်။
Tuesday, October 22, 2019
Home
/
Celebrity
/
ဆိုင်းဝိုင်းထောင်ကာ ကိုယ်တိုင်တီးနေပြီး မြန်မာ သံစဉ်ရော ခေတ်ပေါ်သံစဉ်ပါ ပိုင်နိုင်လှတဲ့ Myanmar Idol Season (4) ပြိုင်ပွဲဝင် ခင်ရတနာစိုး
ဆိုင်းဝိုင်းထောင်ကာ ကိုယ်တိုင်တီးနေပြီး မြန်မာ သံစဉ်ရော ခေတ်ပေါ်သံစဉ်ပါ ပိုင်နိုင်လှတဲ့ Myanmar Idol Season (4) ပြိုင်ပွဲဝင် ခင်ရတနာစိုး
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity