မြန်မာနိုင်ငံရဲ့ သီချင်းဆိုပြိုင်ပွဲများစွာထဲမှ မြန်မာတစ်နိုင်ငံလုံး သာမက ပြည်ပမှ ပရိသတ်တွေပါ စိတ်ဝင်တစား အားပေးခြင်းကို ခံထားရတဲ့ သီချင်းဆိုပြိုင်ပွဲကြီးကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီး ပဲဖြစ်ပါတယ်။ တစ်ခဲနက် အားပေးသူ ပရိသတ်တွေ များစွာ ရှိတဲ့ Myanmar Idol ပွဲကြီးဟာဆိုရင် နှစ်တိုင်း နာမည်ကြီးပြီး လူကြိုက်များတာတွေ့ရပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် တစ်ကျော့ပြန် ရောက်ရှိလာပြီဖြစ်တဲ့ Myanmar Idol Season4 ပွဲကြီးမှာ နောက်ဆုံး Finalist(၁၁) ဦး ထွက်ပေါ် လာခဲ့ပြီဖြစ်တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
Myanmar Idol Season4 ပွဲကြီးက အရည်အချင်း ရှိတဲ့ Winner တွေကို မွေးထုတ်ပေးတဲ့ ပြိုင်ပွဲကြီးပါ။ ဒီနှစ်မှာတော့ ပြိုင်ပွဲဝင်တွေကို အကဲဖြတ်ဆုံးဖြတ်ပေးမယ့် ဒိုင်တွေကတော့ ဝါရင့်အဆိုတော် ဒါရိုက်တာကြီး အောင်ကိုလတ် ၊ အဆိုတော် တင်ဇာမော်၊ ဖြူဖြူကျော်သိန်းနဲ့ အစီအစဉ်တင်ဆက်သူ အဖြစ် ကျော်ထက်အောင် တို့ပဲ ဖြစ်ပါတယ်။ပြိုင်ပွဲအတွက် အသံရွေးချယ်မှုကို ၆လပိုင်း ၁၅ရက်နေ့ကနေ စတင်ရွေးချယ်ခဲ့ပြီး တောင်ကြီး၊ မန္တလေး၊ တောင်ငူ၊ ဖားအံ၊ ရန်ကုန်တိုင်းတို့မှာ သွားရောက်ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။Finalist(၁၁) ဦး ကတော့ အေးမြဖြူ ၊တန်ခွန်ကျော်၊ အက်စတာဒေါ့သ်ချင်းဆုန် ၊Benjamin Sum၊ ၊ စနေလင်းကျော် ၊ ခြူးစစ်ဟန် ၊ နှင်းအိအိဝင်း ၊စောခရစ္မူးလာ ၊ယောကီး ၊ထက်ဉ္စလီ ၊ နော်စေးစေးထူးတို့ပဲဖြစ်ပါတယ်။
မိုမိုလေး ပရိသတ်တွေ မျှော်လင့်စောင့်စားနေကြတဲ့ Myanmar Idol Season4 ပွဲကြီးမှာ Finalist(၁၁) ဦး ကပရိသတ်တွေကို ဘယ်လိုမျိုးဆွဲဆောင်သွားမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ပရိသတ်ကြီးကလည်းFinalist(၁၁) ဦးကို အားပေးဖို့ အဆင့်သင့်ဖြစ်နေပြီလို့ မျှော်လင့်ပါတယ်။
Moekalay
Source;myanmar idol
credit-momolay.com
Saturday, October 26, 2019
Myanmar Idol Season(4) Finalist(၁၁) ဦး ထွက်ပေါ် လာခဲ့ပြီ
Tags
# Celebrity
About Phyo Lay
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity