ဒါရိုက်တာ ခရစ္စတီးနားခီရဲ့တတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ "Now and Ever" ရုပ်ရှင်ဇာတ်ကားကြီးကတော့ ဒါရိုက်တာဖြစ်တဲ့ သူမကိုယ်တိုင် အားအရဆုံးဖြစ်ခဲ့ပြီး၊ ကြည့်ဖူးသူတွေဆီကလည်း ကြိုက်နှစ်သက်လွန်းလို့ ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေ များစွာ ရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ခရစ္စတီးနားခီက Now and Ever World Premiere Show မှာ ချစ်ရသူတွေရဲ့ မထင်မှတ်ထားတဲ့ ဝန်းရံခြင်းကို ခံခဲ့ရတာမို့ ပျော်ရွှင်နေတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ များပြားလှတဲ့ ပန်းစည်းတွေရယ် လက်ဆောင်ပစ္စည်းတွေရယ်ကြားမှာ ပျော်နေတဲ့ ခရစ္စတီးနားခီတို့ ဇနီးမောင်နှံကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။
ခရစ္စတီးနားခီကတော့ "မနေ့ကပွဲမှာ အချစ်များစွာပေးခဲ့တဲ့ ပန်းပစ္စည်းများစွာကို ရရှိခဲ့တဲ့ အတွက် ပျော်ရွှင်ကျေးဇူးတင်ရပါတယ်နော်..😘😘😘 လာရောက် ကြည့်ရူ့အားပေးကြတဲ့ ဧည့်ပရိတ်သတ်များ..စာနယ်ဇင်း media များ...အခမ်းအနားအပြင်အဆင်ကို အမိုက်စား ပြင်ဆင်ပေးခဲ့တဲ့ set designer Kaythi Khine နဲ့ His and Hers events and wedding studio...အောင်ပြည့်စုံ lighting အဖွဲ့...ပါဝင်ခဲ့သော Cast and Crew များ... လာရောက်အားဖြည့်ကူညီပေးခဲ့သောvolunteers များ..Amazing Grace photography ကိုနေမင်းထွန်းနှင့်အဖွဲ့၊ Video team ၊ Security Team ကိုစစ်မှူးနိုင် နှင့်အဖွဲ့ သားများ...တက်ရောက်ပေးခဲ့ပါသော ရုံရှင်များကိုကျေးဇူးတင်ပါတယ်ရှင့်...
ရုပ်ရှင်အထူးပွဲလေး ပြသခွင့်ပေးခဲ့ပါသော မင်္ဂလာ group...သမ္မတရုပ်ရှင်ရုံမှ ကိုမြတ်ခိုင်စိုးအပါအဝင် စက်ဆရာများ..ရုပ်ရှင်ရုံ ဝန်ထမ်းများ အားလုံးကို ရင်ထဲကနေ တကယ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းပြောကြားပါရစေ...ကျမတို့အားလုံးဟာ အချစ်ကြောင့်သာ ဒီပွဲလေးမှာဆုံစည်း ခဲ့ကြတာမဟုတ်ပါလား...😍😍😍" ဆိုပြီး ပျော်ရွှင်လွန်းစွာ သူမရဲ့လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ခီမောင်နှံကို ချစ်လိုက်ကြတာ လက်ဆောင်တွေကလည်း တစ်ခန်းလုံးအပြည့်ပဲနော်...။
"Now and Ever " ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ အခုလ အောက်တိုဘာလ (၃၁)ရက်နေ့မှာ ရုံတင်ပြသတော့မှာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း မကြာခင် ပရိသတ်တွေကြားမှာ နာမည်ကြီးလာဦးမယ့် "Now and Ever" ရုပ်ရှင်ကြီး ရုံတင်ရင် သွားကြည့်ကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Christina Kyi's Facebook
Tuesday, October 22, 2019
Home
/
Celebrity
/
Now and Ever World Premiere Show မှာ မထင်မှတ်ထားတဲ့ ဝန်းရံခြင်းကို ခံခဲ့ရတဲ့ ခရစ္စတီးနားခီ
Now and Ever World Premiere Show မှာ မထင်မှတ်ထားတဲ့ ဝန်းရံခြင်းကို ခံခဲ့ရတဲ့ ခရစ္စတီးနားခီ
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity