ပရိသတ်တွေ ရဲ့ အချစ်တော်လေး သရုပ်ဆောင် ခင်လှိုင် ရဲ့ သမီးငယ်လေး သဇင်ထူးမြင့်ဟာ ဆိုရင် ရွှေကြို လုပ်ရာကနေ အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။ သူမက ခုဆိုရင် ကြော်ငြာများနဲ့ photo Shooting များကိုလည်း လက်ခံ ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် သဇင်ထူးမြင့် က ချိုးရုပ် Red Carpet မှာ ဖခင်ကို ဂုဏ်ပြုခဲ့တဲ့ ပုံရိပ်က လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
သဇင်ထူးမြင့်က ရွှေကြို မှာ ပါဝင်ပြီးကတည်းက အနုပညာအလုပ်တွေ တောက်လျှောက် လုပ်ကိုင်နေသလို သူမရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေ ချစ်ခင်အားပေးခြင်း များစွာရရှိထားတာပဲ ဖြစ်ပါတယ်။ သူမက သီချင်း video လေးတွေမှာလည်း သရုပ်ဆောင်ထားတာတွေ့ရပါတယ်။
ဒီတစ်ခါမှာတော့ သဇင်ထူးမြင့် ဖခင် ခင်လှိုင် ရဲ့ ဒုတိယ ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ ချိုးရုပ် ရုပ်ရှင်ဇာတ်ကားကြီး ရဲ့ Red Carpet Show ကို တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။
သဇင်ထူးမြင့် က " ချိုးရုပ်' Red carpet နေ့ ကပုံလေးတွေဒီနေ့ တစ်နိုင်ငံလုံးကိုရုံတင်ပြသပါပြီ....
အောင်မြင်မှုတွေအများကြီးပိုင်ဆိုင်ပါစေ'ချိုးရုပ်'♥️ " ဆိုပြီးပြောထားပါတယ်။" ချိုးရုပ်' Red carpet မှာ သဇင်ထူးမြင့်က ဖခင်ကို ဂုဏ်ပြုပန်းစည်း ပေးခဲ့ပြီး ဖခင်က သူ့ရဲ့ သမီးလေးကို နမ်းခဲ့တာပါ။သဇင်ထူးမြင့် ရဲ့ ပုံလေးတွေကို ဆက်လက်ကြည့်ရူပေးကြပါနော်။
သရုပ်ဆောင်ခင်လှိုင် ရဲ့ သမီးလေး သဇင်ထူးမြင့် ရဲ့ ပုံရိပ် လေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ် ။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Moekalay
Source;thazin htoo myint
Photo;Thu Rein
Thursday, October 17, 2019
"ချိုးရုပ်" Red carpet Show မှာ ဖခင်ကို ဂုဏ်ပြုပန်းစည်းပေးခဲ့တဲ့ သဇင်ထူးမြင့်
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity