Breaking

Sunday, October 20, 2019

သူမရဲ့Relationship ဒီမှာပဲ ပြီးသွားပြီလို့ တရားဝင်ကြေငြာလိုက်တဲ့ ဝါဆိုမိုးဉီး

 သူမကိုယ်​သူမ အမြဲယုံကြည်​မှုရှိ​နေတတ်​တဲ့ ချစ်​စရာမင်းသမီး​လေး ဝါဆိုမိုးဦးက​တော့ ဘိုဆန်​ဆန်​မျက်နှာကျလေးနဲ့ စွဲမက်ဖွယ်ကောင်းလှတဲ့ ခန္ဓာကိုယ်အချိုးအစားကိုပိုင်ဆိုင်ထား သူတစ်​ဦးပါ။ လတ်​တ​လောမှာ​တော့ ဝါဆိုမိုးဦးက​ သူမရဲ့ Relationship ပြီးဆုံးသွားပြီလို့ လူမှုကွန်​ယက်​မှာ​ဝေမျှ​ပေးထားတာ​တွေ့ရပါတယ်​။ ဝါဆိုမိုးဉီးရဲ့စာလေးကြောင့် နှစ်ဉီးနှစ်ဖက်လုံးက ပရိသတ်တွေက အရမ်းကို စိတ်ပူနေကြတာပါနော်။


 ဝါဆိုမိုးဉီးကတော့ "Relationship ဒီမှာပဲပြီးသွားပါပြီ" ဆိုပြီး လူမှုကွန်ယက်ပေါ်မှာ တရားဝင် သူမရဲ့ Relationship အကြောင်း ပြောထားတာပါ။

ဝါဆိုမိုးဦးကတော့ ချစ်သူဖြိုးလေးနဲ့အတူ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ပျော်ရွှင်စရာအချစ်ခရီးလမ်းကို အတူဖြတ်သန်းနေတာမို့ ပရိသတ်တွေက အဆင်ပြေကြဖို့ မျှော်လင့်နေကြတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကိုလိုက်ဖက်ညီတဲ့ ဝါဆိုမိုးဦးတို့စုံတွဲလေး အမြန်အဆင်ပြေသွားကြဖို့ ဆုတောင်းပေးခဲ့ကြပါဉီးနော်။

Myint Myat
Source;Warso Moe Oo's Facebook

POPULAR POSTS

ads