Breaking

Tuesday, October 22, 2019

ချစ်ရတဲ့မောင့်ကို Romantic ဆန်ဆန် စကားလုံးတွေနဲ့ မွေးနေ့ဆုတောင်းပေးလိုက်တဲ့ စမိုင်းလ်

 စမိုင်းလ်တို့ ဇနီးမောင်နှံက ချို့တဲ့တဲ့ဘဝကို အတူတူ ဖြတ်သန်းလာခဲ့ပြီး ကြိုးစားခဲ့ရာမှ အခုဆိုရင် ပြီးပြည့်စုံ အောင်မြင်တဲ့ ဘဝအခြေအနေတစ်ခုကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ စမိုင်းလ်က သူမကို အလိုလိုက် ဂရုစိုက်ပေးတဲ့ ချစ်ခင်ပွန်း ကိုပြည့်မောင်နဲ့ လိမ္မာပြီး မိဘကိုသိတတ်တဲ့ သမီးလေး ပေါ်ရှာ၊ ကလိုဝီတို့နဲ့အတူတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ချစ်စရာကောင်းပြီး နွေးထွေးတဲ့ သူမတို့ မိသားစုလေးကို အားကျနေရတာပဲ ဖြစ်ပါတယ်။

 ဒီကနေ့ အောက်တိုဘာလ (၂၂) ရက်နေ့ကတော့ စမိုင်းလ်ရဲ့ ခင်ပွန်း ကိုပြည့်မောင်ရဲ့ (၃၈) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ စမိုင်းလ်က သူမရဲ့ ချစ်ရတဲ့ ခင်ပွန်းကို နူးနူးညံ့ညံ့ စကားလုံးလေးတွေနဲ့ အခုလိုပဲ မွေးနေ့ဆုတောင်းပေးထားတာကို တွေ့ရပါတယ်။
ကျေးဇူးပါမောင်..စိတ်ဓါတ်တွေကျနေတဲ့အချိန် ဘေးမှာအမြဲ မားမားမတ်မတ်ရပ်တည်ပေးခဲ့တဲ့သူ ဘဝမှာ စိတ်ညစ်စရာတွေ ပျော်စရာတွေ အရာအားလုံးကို အတည်ငြိမ်ဆုံးနဲ့ ဆုံးဖြတ်နေပေးတဲ့အတွက် ကျေးဇူးပါမောင် .. သင်ယူစရာတွေ အများကြီးရှိသေးတဲ့ ချစ်ကို ယနေ့အထိ စိတ်ရှည်ရှည်ချစ်ပေးတဲ့အတွက် ကျေးဇူးပါမောင် Happy 38th birthday" ဆိုပြီး မွေးနေ့ဆုတောင်းပေးထားပါတယ်။
စမိုင်းလ်နဲ့ ကိုပြည့်မောင်တို့ရဲ့ အချစ်ရေးလေးက ဇာတ်လမ်းတစ်ပုဒ်သဖွယ်ဖြစ်ခဲ့ပြီး အရမ်းကို ချစ်စရာကောင်းတာမို့ ပရိသတ်တွေကလည်း သဘောကျနေကြရတာ ဖြစ်ပါတယ်။စမိုင်းလ်ကတော့ သူမဘဝကိုအကောင်းဆုံး လမ်းညွှန်ပေးနိုင်တဲ့ ခင်ပွန်းကို ကျေးဇူးတင်စကားလေးပြောရင်း မွေးနေ့ဆုတောင်းစကားလေး ပြောခဲ့တာပဲ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: စမိုင်းလ် Smile's fb

POPULAR POSTS

ads