နိုင်ငံကျော်သရုပ်ဆောင် အဆိုတော် အကယ်ဒမီ ထွန်းထွန်းဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။အဆိုတော်ပိုင်းမှာ အောင်မြင်ပြီးသားဖြစ်တဲ့ ထွန်းထွန်းက သရုပ်ဆောင်အလုပ်မှာလည်း အောင်မြင်သလို သူ့ရဲ့ပီပြင်လှတဲ့ သရုပ်ဆောင် ချက်တွေ ကြောင့် သူ့ကို ချစ်တဲ့ ပရိသတ်အခိုင်အမာ ရရှိထားသူပါ။ ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ချစ်ပရိသတ်တွေအတွက် ထွန်းထွန်း ရဲ့ ချစ်သူလေး ကို Sinon Loresca က အရမ်းချောတယ်ပြောလို့ ပျော်နေတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
ထွန်းထွန်းဟာဆိုရင် နှင်းဆီအငြိမ့်မှာ နေတိုး၊ ကျော်ကျော်ဗို ၊ မင်းမော်ကွန်း၊ ရဲလေး တို့နဲ့ အတူ လူရွှင်တော် အဖွဲ့ဝင် တစ်ဦးအဖြစ်ပရိသတ်တွေ လက်ခံထားသူပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကို ပါးစပ်မစိရအောင် ပြောင်မြောက်တဲ့ ပြက်လုံးများနဲ့ နှင်းဆီညီအစ်ကိုများကတင်ဆက်ပေးလေ့ရှိတာကြောင့် ပရိသတ်တွေကြားမှာ နှင်းဆီအငြိမ့်ဆိုပြီး နာမည်ကြီးနေတာပါ။
ထွန်းထွန်းက နှင်းဆီလှေအငြိမ့်မှာ Catwalk King Sinon Loresca ရဲ့ ပုံစံအတိုင်း လုပ်ပြခဲ့တာကြောင့်နာမည်ကြီးနေသလို Sinon Loresca နဲ့ ထွန်းထွန်းကလည်း အပြင်မှာတွေ့ဆုံခဲ့ပြီးအရမ်းကို ရင်းနှီးနေကြပြီပဲ ဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ Sinon Loresca က ထွန်းထွန်းမှာ ချစ်သူရှိလို့ စိတ်ဆိုးတယ်လို့ နောက်ပြီးပြောခဲ့သလို့ ထွန်းထွန်း ချစ်သူက အရမ်းချောပြီး ချစ်စရာကောင်းတယ်လို့ ပြောခဲ့တာပါ။"How cute he is 😍🥰 ကိုယ့်ကို တအားချောတယ် ချစ်စရာလေးတဲ့ 😬ကျေနပ်နေပါပြီနော် 😘🏳️🌈" လို့ ပြောထားပါတယ်။ထွန်းထွန်း ချစ်သူလေးရဲ့ ပုံလေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Moekalay
Source;sam dara
Friday, October 25, 2019
Sinon Loresca က သူမကို အရမ်းချောတယ် ပြောလို ပျော်နေတဲ့ထွန်းထွန်းချစ်သူလေး
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity