ဖိလစ်ပိုင်လူမျိုး Catwalk မော်ဒယ်တစ်ဦးဖြစ်တဲ့ Sinon Loresca က မြန်မာနိုင်ငံကို ပထမဦးဆုံး စတင်ရောက်ရှိစဉ်က ပရဟိတလုပ်ငန်းများ လုပ်ကိုင်ရင်း မြန်မာပရိသတ် အခိုင်အမာ ရရှိထားသူတစ်ယောက် ဖြစ်ပါတယ်။ Sinon Loresca က အခုဆိုရင် မြန်မာနိုင်ငံကို ဒုတိယမြောက် ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး သူဝါသနာပါတဲ့ ပရဟိတလုပ်ငန်းတွေနဲ့ အလှူအတန်းတွေများစွာကို လုပ်ကိုင်နေပြီး မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတွေကို လည်ပတ်နေတာ ဖြစ်ပါတယ်။
ဒီတစ်ခေါက်မှာလည်း Sinon Loresca က ရန်ကုန်မြို့ရဲ့ လမ်းမကြီးပေါ်မှာ လှည့်လည်တောင်းရမ်းစားသောက်နေတဲ့ အမျိုးသမီးကို ပန်းစည်းနဲ့ အရုပ်တွေ လက်ဆောင်ပေးပြီး ပျော်ရွှင်စေခဲ့တာကို တွေ့ရပါတယ်။စိတ်ထားကောင်းတဲ့ Sinon 😘
Sinon Loresca က သူ့ရဲ့ မင်္ဂလာရှိတဲ့ မွေးနေ့လေးမှာ လူတွေကို သူတတ်နိုင်သလောက်လေး ပျော်ရွှင်အောင် ဖန်တီးပေးချင်တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။Sinon loresca က သူကိုယ်တိုင် အိမ်ခြေယာမဲ့တစ်ယောက်အဖြစ် ဖြတ်သန်းနေထိုင်ဖူးသူမို့ ချို့တဲ့သူတွေရဲ့ ဘဝတွေကို စာနာနာလည်တတ်သူတစ်ဦး ဖြစ်ပါတယ်။ ပရိသတ်တွေလည်း Sinon ရဲ့ ကောင်းမှုလေးကိုကြည့်ပြီး ပီတိဖြစ်နေကြမယ် ထင်ပါတယ်နော်။
Rowena
Source: Sinon Loresca
Saturday, October 12, 2019
Home
/
Celebrity
/
လမ်းဘေးမှာတောင်းစားတဲ့ အမျိုးသမီးကို ပန်းစည်းနဲ့အရုပ်တွေပေးပြီး ပျော်ရွှင်စေခဲ့တဲ့ Sinon
လမ်းဘေးမှာတောင်းစားတဲ့ အမျိုးသမီးကို ပန်းစည်းနဲ့အရုပ်တွေပေးပြီး ပျော်ရွှင်စေခဲ့တဲ့ Sinon
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity