Breaking

Thursday, October 17, 2019

မြန်မာနိုင်ငံတော်သာယာအောင်ထိန်းသိမ်းနေထိုင်ကြဖို့သတိပေးလိုက်တဲ့ Sinon

 Sinon Loresca ဆိုတဲ့ ဖိလစ်ပိုင်လူမျိုး LGBT မော်ဒယ် ကတော့ ကျနော်တို့ မြန်မာနိုင်ငံက Facebook သုံးစွဲသူတွေကြားမှာ ရေပန်းစားနေတာကို Facebook သုံးစွဲ‌သူတွေ သိပြီးသားပါ။ မန္တလေးမြို့ကို အလည်ပတ်ခရီးအစဉ်အဖြစ်လာပြီး သူရဲ့အချိန်တွေကို အခြေခံလူတန်စားတွေနဲ့ ကုန်ဆုံးလေ့ရှိတာကိုလည်း အားလုံး တွေ့မြင်ကြားသိကြပြီးဖြစ်ပါတယ် ။ သူကတော့ King of Catwalk လို့လည်း တင်စားခံရတဲ့အထိ High heels တွေစီးပြီး လမ်းလျှောက်တဲ့နေရာမှာလည်း တကယ့်ကို Professional ကျကျ ကျွမ်းကျွမ်းကျင်ကျင် သေသေသပ်သပ်လျှောက်နိုင်သူတစ်ယောက်ပါ။


 သူကတော့ မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို လုပ်ဖို့ရှိတယ် ဆိုပြီးသတင်းတွေထွက်ပေါ်နေပါတယ်။ ‌အခုလည်း မြန်မာနိုင်ငံက Online ကြော်ငြာ လေးတွေကို လက်ခံရိုက်ကူးပြီး သူရဲ့ Facebook official page ကနေတင်ပေးနေပါတယ် ။ သူကတော့ နိမ့်ပါးတဲ့ဘဝအခြေနေကနေ နာမည်တစ်ခုရလာတဲ့ ပီပီ အခြေခံလူတန်းစားတွေအပေါ်မှာလည်း စာနာစိတ်အပြည့်ရှိသူတစ်ယောက်ဖြစ်ပါတယ် ။ တကယ်ကိုသူ့ရဲ့စိတ်ထားလှပမှုကြောင့် သူရဲ့videoအချို့မှာလည်း မြန်မာနိုင်ငံသားတွေရဲ့ ချီးကျူးဌောမနာ ပြုခံထားရသလို သူကိုယ်တိုင်လည်း တချို့videoလေးတွမှာ မျက်ရည်မဆယ် နိုင်အောင် ဖြစ်ခဲ့ရတာတွေလည်းရှိပါတယ် ။
ပြီးခဲ့တဲ့ အောက်တိုဘာ 14ရက်နေ့တုန်းကတော့ Sinon ဟာ သူရဲ့ Page ကနေပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးအတွက် လိုအပ်နေတဲ့ အချက်တစ်ချက်ကို Video လေးတစ်ခုနဲ့ သတိပေးစကားဆိုလိုက်ပါတယ် ။ သူကတော့ “မြန်မာနိုင်ငံ ရဲ့ လှပတဲ့ ပြည်သူပြည်သားအပေါင်းတို့ရေ ကျေးဇူးပြုပြီး မိမိတို့ရဲ့ နိုင်ငံကြီး သာယာစိမ်းလန်းနေအောင် ပြုမူနေထိုင်ပေးကြပါ ” ဆိုပြီး Caption ရေးပြီး video လေးတစ်ခု တင်ခဲ့ပါတယ် ။ သူရဲ့ပြုလုပ်ပုံကတော့ တကယ်ကို ချစ်စရာလေးပါပဲ ။ သူရဲ့ video လေး‌ကိုတော့ ကျနော်တို့ Page ရဲ့ comment  မှာ ဖော်ပြပေးထားပါတယ်နော် ။
credit-ygn-news.com

POPULAR POSTS

ads