Breaking

Sunday, October 20, 2019

သူငယ်ချင်းဖြစ်သူ Sulli ရဲ့ ဈာပနမှာ မိသားစုဝင်တစ်ဦးပမာ (၃) ရက်လုံးအချိန်ပြည့်ရှိနေပေးခဲ့တဲ့ IU

 နာမည်ကြီး အဆိုတော်နဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်သူ IU ဟာ စိတ်ကျရောဂါကြောင့် အောက်တိုဘာ ၁၄ ရက်နေ့တုန်းက နေအိမ်မှာ မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့တဲ့ သူငယ်ချင်းဖြစ်သူ Sulli ရဲ့ ဈာပနမှာ (၃) ရက်လုံးလုံး မိသားစုဝင်တစ်ယောက်ပမာရှိနေပေးခဲ့တယ် အတွင်းသိတွေက ပြောပြခဲ့ပါတယ်။ Star News သတင်းဌာနကနေ ထုတ်ဖော်ချက်အရတော့ IU ဟာ သူမရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ Sulli ရဲ့ သတင်းဆိုးကို ကြားကြားချင်းမှာပဲ နာရေးကိုအရောက်သွားခဲ့ပြီး ၃ ရက်လုံး အဲဒီနာရေးမှာပဲရှိနေခဲ့တယ်လို့ သိရပါတယ်။Sulli အတွက် IU ကိုယ်တိုင်ရေးစပ်သီဆိုပေးထားတဲ့ "Peach" သီချင်း






 Sulli ရဲ့ နာရေးကို ကျန်ရစ်သူမိသားစုဝင်တွေရဲ့စိတ်ဆန္ဒအရ အများပြည်သူကိုထုတ်မပြပဲ တိတ်တဆိတ်သာပြုလုပ်ခဲ့ပြီး ရင်းနှီးသူမိတ်ဆွေသူငယ်ချင်းတွေနဲ့ မိသားစုတွေကလွဲလို့ အပြင်လူတွေကို ၀င်ရောက်ခြင်းခွင့်မပြုခဲ့ပါဘူး။
အကျဉ်းချုံးပြီး တိတ်တဆိတ်ပြုလုပ်ခဲ့တဲ့ ဈာပနအခမ်းအနားဖြစ်တာကြောင့် သတင်းတွေကလည်း အများအပြားထွက်ပေါ်လာခဲ့ခြင်းမရှိပဲ f(x) ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Victoria, Amber, Luna နဲ့ Krystal တို့ကတော့ ဈာပနမှာရှိနေပေးခဲ့တယ်ဆိုတဲ့ သတင်းတွေကတော့ ထွက်ပေါ်လာခဲ့ပါတယ်။Sulli ဆုံးပါးသွားတဲ့သတင်းထွက်ပေါ်လာပြီးနောက်မှာ f(x) အဖွဲ့ဝင်တွေ အပါအ၀င် သူမနဲ့ ခင်မင်ရင်းနှီးကြတဲ့ အနုပညာရှင်တွေဟာ ပူဆွေးဝမ်းနည်းတဲ့အနေနဲ့ သူတို့တွေရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေကို ဖျက်သိမ်းခဲ့ကြပါတယ်။ ဒီလိုမျိုး အနုပညာရှင်တွေထဲမှာ IU လည်းပါဝင်ခဲ့ပြီး သူမကတော့ သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေအပြင် အယ်လ်ဘမ်အသစ်ထွက်ရှိမယ့်ရက်ကိုလည်း ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ်။Sulli ရဲ့ သရုပ်ဆောင်မှုတွေကို နောက်ဆုံးတွေ့မြင်ရမယ့် Hotel Del Luna




IU ဟာ Krystsal လိုပဲ Sulli အတွက် ၀မ်းနည်းကြေကွဲကြောင်းကို လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ခြင်းမရှိတာကြောင့် လူအများရဲ့ ဝေဖန်အပြစ်တင်မှုတွေကို ရရှိခဲ့သူပါ။ ဒါပေမယ့်လည်း Krystal နည်းတူ ဈာပနအခမ်းအနားမှာ ကျန်ရစ်သူမိသားစုဝင်တွေနဲ့အတူ ၃ ရက်လုံးရှိနေပေးခဲ့သူ ဖြစ်ပါတယ်။ဒါကြောင့် IU ဟာ သူမအနေနဲ့ ၀မ်းနည်းကြေကွဲကြောင်းကို လူမှုကွန်ရက်ကနေ မဖော်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ IU နဲ့ Sulli တို့ ၂ ယောက်ဟာ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပြီး Sulli အတွက် IU က "Peach" ဆိုတဲ့သီချင်းကိုတောင် ရေးစပ်ခဲ့ဖူးပါသေးတယ်။ အဲဒီသီချင်းဟာဆိုရင် Sulli ဆုံးပါးသွားပြီဆိုတဲ့ အတည်ပြုသတင်းထွက်လာပြီး နာရီပိုင်းမှာတင် တေးဂီတဇယားတွေမှာ ထိပ်ဆုံးကနေ ရပ်တည်ခဲ့ပါသေးတယ်။ဇာတ်ကားရိုက်ကူးမှုတွေကို အချိန်ကာလတစ်ခုမျှ ရပ်နားထားခဲ့တဲ့ Sulli ဟာ ပြီးခဲ့တဲ့လပိုင်းလောက်ကမှ ထုတ်လွှင့်ပြသပြီးစီးသွားခဲ့တဲ့ IU ရဲ့ နာမည်ကြီးဇာတ်လမ်းတွဲ Hotel Del Luna မှာ အထူးဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့တာကြောင့် အဆိုပါဇာတ်လမ်းတွဲဟာ Sulli ရဲ့ သရုပ်ဆောင်မှုတွေကို နောက်ဆုံးအနေနဲ့ တွေ့မြင်ရတဲ့ ဇာတ်ကားလို့ ဆိုနိုင်ပါတယ်။Ref : Koreaboo
Mia (Momolay)

POPULAR POSTS

ads