သရုပ်ဆောင်ယွန်းယွန်း ကတော့ ကလေးလေး ဘဝကထဲက အရမ်းသရုပ်ဆောင်ကောင်းပြီး ချစ်ဖို့အရမ်းကောင်းသလို ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်ပါတယ်။
ကလေးသရုပ်ဆောင် ယွန်းယွန်း ဆိုတဲ့ဘဝကတည်းက အနုပညာအလုပ်တွေ တစိုက်မတ်မတ်လုပ်လာတဲ့ သူဖြစ်လို့ အနုပညာရှင်များစွာတို့ရဲ့ အချစ်လည်း ခံခဲ့ရတဲ့သူဖြစ်ပါတယ်။အခုအခါမှာလည်း Sunkit ကြော်ငြာရိုက်ကူးနေပြီး ရိုက်ထားတဲ့ဓာတ်ပုံလေးတွေကို သူမရဲ့အကောင့်မှာ'ပါးချိုင့်လေးထဲမှာ ဝင်အိပ်နေလို့ရအောင်ပြုံးပေးထားတယ်' ဆိုတဲ့စာသားနဲ့အတူတင်ခဲ့ပါတယ်။
ယွန်းယွန်းဟာ ဗီဒီယိုဇာတ်ကားပေါင်း (၃၀၀) ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား (၃၀)ကျော် ရိုက်ကူးခဲ့ရတဲ့ နာမည်ကြီး ကလေး သရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ငယ်ငယ်ကတည်းက ကျရာဇာတ်ရုပ်တွေကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်ခဲ့လို့ သူမဟာ ၂၀၁၂ခုနှစ်က “တိမ်မင်းသမီးရဲ့ ဒဏ္ဍရီ”ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ကလေးသရုပ်ဆောင်ဆု(အထူးဆု) ကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။
မိုမိုလေးပရိတ်သတ်ကြီးကရော ယွန်းယွန်းကို ဘယ်အချိန်ထဲကအားပေးခဲ့တာလဲ?
Ref:Yoon Yoon
LeoThT
credit-momolay.com
Thursday, October 24, 2019
ဆံပင်ရှည်လေးနဲ့ အလှဆုံးဖြစ်နေပြီး Sunkist ကြော်ငြာရိုက်ကူးနေတဲ့ ယွန်းယွန်း
Tags
# Celebrity
About Phyo Lay
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity