မြန်မာနိုင်ငံရဲ့နှုတ်ခမ်းနီမလေးတွေအများဆုံးဝန်းရံခြင်းခံရတဲ့သူကိုပြပါဆိုရင်တော့ စိုင်းစိုင်းခမ်းလှိုင်လို့ပဲဆိုရမှာပါ။ဆယ်စုနှစ်(၂)ခုကြာ အောင်မြင်မှုကိုထိန်းသိမ်းထားနိုင်သလို ပရိသတ်တွေရဲ့အချစ်တွေတစ်စက်မှမလျော့အောင်စွမ်းဆောင်နိုင်တဲ့သူတစ်ယောက်ပါ။လူပျိုကြီးလို့ပြောလေ့ရှိတဲ့စိုင်းစိုင်းကတော့ အချစ်ရေးနဲ့ပတ်သက်ပြီးတရားဝင်ပြောကြားတာမျိုးမရှိဘူးပါဘူး။
အနုပညာရှင်အနေနဲ့လျှမ်းလျှမ်းတောက်အောင်မြင်မှုတွေနဲ့အတူ စီပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ စိုင်းစိုင်းရဲ့အချစ်ရေးဟာလည်းပရိသတ်စိတ်အဝင်စားဆုံးလည်းဖြစ်ပါတယ်။မကြာသေးခင်ကတက်သစ်စမင်းသမီးချောလေး နော်ဖောအယ်ထားရဲ့ acc ကို စိုင်းစိုင်းတစ်ယောက် follow ထားခဲ့ပြီး ပရိသတ်တွေကြားမှာပျံ့နှံ့ခဲ့ပါတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး တက်သစ်စမော်ဒယ်လ်၊မင်းသမီးချောလေးနဲ့ဇာတ်လမ်းတွေရှိနေပြီလားလို့ပရိသတ်တွေကထင်နေကြတာပါ။
ပရိသတ်တွေစိတ်ဝင်စားနေတဲ့ဒီအကြောင်းကို Celel Gabar နဲ့အင်တာဗျူးရာမှာတော့စိုင်းစိုင်းက အင်စတာဂရမ်တွေ ဖေ့ဘွတ်ခ်တွေကိုအသုံးပြုတာကြာပြီဖြစ်ပေမဲ့ Tik Tok ကိုတော့ အခုမှစသုံးဖြစ်တာလို့ဆိုပါတယ်။Samsung ရဲ့ပွဲတစ်ခုမှာ Tik Tok သုံးဖို့လိုအပ်လာတာကစပြီး နော်ဖော်အယ်ထားနဲ့အပြန်အလှန် follow လုပ်ဖြစ်တယ်လို့လည်းဆိုပါတယ်။စိုင်းစိုင်းကတော့အလုပ်သဘောအရသုံးဖြစ်တာဖြစ်ကြောင်းပြောလိုက်ပါပြီနော်…။
Source:Exclusive on Cele Gabar
Photo : NawPhawEhHtar,SaiSaiKhamHlaing
Moe – Cele Gabar
Sunday, October 20, 2019
Home
/
Celebrity
/
Tik Tok မှာနော်ဖောအယ်ထားတစ်ယောက်ကိုပဲ follow လုပ်ထားတဲ့အကြောင်းကိုပြောပြလိုက်တဲ့စိုင်းစိုင်း
Tik Tok မှာနော်ဖောအယ်ထားတစ်ယောက်ကိုပဲ follow လုပ်ထားတဲ့အကြောင်းကိုပြောပြလိုက်တဲ့စိုင်းစိုင်း
Tags
# Celebrity
About Admins
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity