နိုင်ငံကျော် အဆိုတော်တစ်ဦးဖြစ်တဲ့ လင်းလင်းနဲ့ သရုပ်ဆောင်ချစ်သုဝေတို့ရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးတွေ ဖြစ်တဲ့ ခေတ်နဲ့သစ်တို့ နာမည်နဲ့ တည်ထောင်ထားတဲ့ ခေတ်သစ် ဖောင်ဒေးရှင်းက TOF ဝေဒနာရှင် သားလေး မောင် ဇွဲထက်အောင်ရဲ့ခွဲစိတ်ကုသမှု အောင်မြင်စေရေးအတွက် အကူအညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာ (၂၅) ရက်မှာ ရန်ကုန်မြို့ ရန်ကင်းကလေးဆေးရုံမှာ အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပြီး ခွဲစိတ်ကုသရေးအတွက် ကုန်ကျစရိတ်တွေကို ခေတ်သစ် ဖောင်ဒေးရှင်းက အကူအညီပေးခဲ့တာဖြစ်ပါတယ်။သရုပ်ဆောင်/ အဆိုတော် / ဆရာဝန်လဲဖြစ်တဲ့ ချစ်သုဝေနဲ့ အဆိုတော် လင်းလင်းတို့က ၂၀၁၄ ဇန်နဝါရီ ၃၁ ရက်မှာလက်ထပ်ခဲ့ပြီး ၂၀၁၇ မှာ တစ်နိုင်ငံလုံးရဲ့အချစ်တော် ခေတ်နဲ့ သစ် ကို အမွှာညီအစ်မ နှစ်ယောက်ကို ရန်ကုန်မြို့ ဝိတိုရိယ ဆေးရုံကြီးမှာမွေးဖွားခဲ့ပါတယ်။
ခေတ်သစ်ဖောင်ဒေးရှင်းကိုတော့ ခေတ်နဲ့သစ်နာမည်နဲ့ ဇန်နဝါရီလ ၁၉ မှာ စတင်တည်ထောင်ခဲ့ပြီး ဆင်းရဲနွမ်းပါးတဲ့ကလေးငယ်လေးတွေ ရဲ့ကျန်းမာရေးအတွက် အဓိကထားလုပ်ဆောင်နေတာလဲဖြစ်ပါတယ်။ အံ့မင်းညိုရဲ့ သမီးလေး မွေးရာပါနှလုံးအပေါက်ပါတဲ့ ကျန်းမာရေးနဲ့ပါတ်သတ်ပြီး ခေတ်သစ်ဖောင်ဒေးရှင်း ကူညီဆောင်ရွက်ပေးခဲ့ပါသေးတယ်။
မိုမိုလေးပရိတ်သစ်တွေရော ခေတ်နဲ့ သစ်ကိုချစ်ကြရဲ့လားဗျ။
Ref: ခေတ်သစ်ဖောင်ဒေးရှင်း
LeoThT
credit-momolay.com
Friday, October 25, 2019
Home
/
Celebrity
/
TOF ဝေဒနာရှင်သားလေး မောင်ဇွဲထက်အောင်အတွက် အောင်မြင်စွာ ခွဲစိတ်နိုင်အောင် အကူအညီပေးခဲ့တဲ့ခေတ်သစ်ဖောင်ဒေးရှင်း
TOF ဝေဒနာရှင်သားလေး မောင်ဇွဲထက်အောင်အတွက် အောင်မြင်စွာ ခွဲစိတ်နိုင်အောင် အကူအညီပေးခဲ့တဲ့ခေတ်သစ်ဖောင်ဒေးရှင်း
Tags
# Celebrity
About Phyo Lay
Sora Blogging Tips is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of sora blogging tips is to provide the best quality blogger templates.
Celebrity
Tags
Celebrity